Thursday, April 19, 2018

CS005 Chosen (2017 – 2018)

CS005 Chosen (2017 – 2018)

2017 နှစ်ကုန်ပိုင်းနဲ့ 2018 နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိခဲ့တဲ့

Chosen ဆိုတဲ့ တီဗီစီးရီးလေးကို အစ အဆုံး တင်ဆက်ပေးလိုက်ပါတယ်

ဒီ စီးရီးလေးက သုံးပိုင်းပဲ ထွက်ခဲ့တာဖြစ်ပြီးတော့ တပိုင်းကို ဇာတ်ကား တစ်ကားစာပါး

ကြာမြင့်ပါတယ် ဒီစီးရီးလေးထဲမှာတော့ လူဆိုးနဲ့ လူကောာင်း ရဲ့ ကွာခြားချက်တွေ

ပညာတတ်ပေမဲ့ ငွေနောက်လိုက်တဲ့ အခါမှာ ကျူးလွန်တတ်တဲ့ အမှားတွေနဲ့

လူတွေ ရဲ့ မတော် လောဘတွေ ကို ဖော်ပြရိုက်ကူးထားတာဖြစ်ပါတယ်

ဇာတ်လမ်း လေးကတော့ ဆေးဝါးလုပ်ငန်းရှင်ကြီး သူဟာ တစ်ရက်မှာ ဆေးဝါးသစ်

မိတ်ဆက်ပွဲ အတွက်ကို ဆစ်ဒနီ ကို အလည်သွားရောက်ခဲ့ပါတယ်

သူမိတ်ဆက်တာကတော့ နှလုံးကို ကြိမ်နှုန်း မှန်အောင်ထိန်းညှိပေးတဲ့

စက်ပစ္စည်းလေးပါ ဒါပေမယ် အဲ့ဒီညမှာ ကြမ္မာဖန်လာတော့သူ့ အခန်းရှေ့မှာ

ဘယ်သူကလာထားသွားမှန်းမသိတဲ့ သေတ္တာတစ်လုံးရောက်လာပါတယ်

အဲ့ထဲမှာ ဓါတ်ပုံပါပြီးတော့ သူဟာ ဓါတ်ပုံထဲကလူကို သူပေးထားတဲ့ အချိန် မှာ

သတ်ပေးဖို့ ခိုင်းပါတယ် သူကလဲ ဒါကို တယောက်ယောက်က နောက်တယ် ထင်ပြီး

ပေါ့ပျက်ပျက်နဲ့ နေလိုက်ပါတယ် အဲ့ဒီအချိန်မှာ သူမသတ်ခဲ့တဲ့ အတွက် သူ့ရဲ့

ယောက္ခထီး ဟာ သေဆုံးသွားခဲ့ရပါတယ် နောက်ဆက်တွဲအနေနဲ့ကတော့

သူတို့ သားလေးပါ ပြန်ပေးဆွဲခံခဲ့ရတာပါ ကဲ ပရိတ်သတ်ကြီးရေ

နောက်ကွယ်က ဘယ်သူကခိုင်းစေနေတာလဲ

သူတို့ကတော့ခိုင်းစေနေတဲ့သူကို ပြန်တွန်းလှန်နိုင်ပါ့မလား

ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတွေကိုတော့

ဆက်လက်ကြည့်ကြရမှာပါ

Channel Myanmar

Price - 200Ks

Episodes - 1 to 3 (Complete)

File size - 2.2 GB

CS004 Memory Lost (2016)

CS004 Memory Lost (2016)

၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့ပြီး Season 3 ထွက်တဲ့အထိအောင်မြင်မှုရှိခဲ့တဲ့

တရုတ်စီးရီး Romance Crime အမျိုးအစားဖြစ်ပြီး

စိတ်ဝင်စားစရာအမှုမျိုးစုံနဲ့ စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးတဲ့သူကလည်း Love me if you dare,

When a snail fall in love တရုတ်စီးရီးကောင်းတွေကို ရေးခဲ့တဲ့သူဖြစ်တာကြောင့်

ဒီစီးရီးလေးကလည်း အရင်စီးရီးတွေအတိုင်း စိတ်ဝင်စားစရာ အပြည့်နဲ့စီးရီးလေးပါ။

တခြား မှုခင်းဇာတ်လမ်းတွေနဲ့ ကွဲထွက်နေမှာကတော့

ဒီဇာတ်လမ်းမှာ ရင်ဆိုင်တွေ့ရမယ့် ဗီလိန်တွေဟာ

တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။

စိတ်ညှို့ကျွမ်းကျင်ပညာရှင်တွေ ကွန်ပျူတာဟက်ကာသမား လက်ဖြောင့်သေနတ်သမား

အဆိပ်ကျွမ်းကျင်ပညာရှင် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်

ပန်းချီကျွမ်းကျင်တဲ့စိတ္တဇလူသတ်သမား အားလုံးပါဝင်နေပြီး

တက်ညီလက်ညီစည်းလုံးတဲ့ အဖွဲ့ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ

ဘယ်လိုရင်ဆိုင်ကျော်လွှားကြမှာလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါ

ဇာတ်လမ်းအကျဉ်းလေးကတော့……….
“ပိုင်ကျင်ရှီး” ဆိုတဲ့ မိန်းမချောလေးက အတိတ်ကိုမေ့နေပေမယ့် တိုက်ခိုက်ရည်စွမ်းရည် အပြည့်နဲ့

သွက်လက်ထက်မြက်တဲ့ရဲမေတစ်ဦးပါ..

ရဲတပ်ဖွဲ့အတွက်မှုခင်းတွေကို ထောက်လှမ်းပေးရင်း ကောက်ကြောင်းပုံဖော်ရတဲ့

မှုခင်းစိတ်ပညာ ကျွမ်းကျင်သူလေးတစ်ဦးလည်းဖြစ်တယ်..

တစ်နေ့တော့ “အနက်ရောင်ဒိုင်း”ဆိုတဲ့ အထူးတပ်ဖွဲ့ကို ၀င်ရောက်ဖို့ တာဝန်ပေးချင်းခံရပါတယ်။

“ ဟန်ချန်း” …သူကလည်း ရဲတပ်ဖွဲ့က အထူးယုံကြည်အားထားရတဲ့ ရဲတစ်ယောက်။

ခန့်ညားချောမောသလို အမှုလိုက်ရာမှာလည်း ကျွမ်းကျင်သလို

တိုက်ခိုက်ရေးမှာလည်း ထိပ်တန်းရဲတစ်ယောက်…

အားလုံးက ဟန်နတ်ဘုရားရယ်လို့ တင်စားခေါ်ဝေါ်ကြတယ်..

ဒါပေမယ့် သူက သမာရိုးကျအမှုစစ်ဆေးရေးကိုသာယုံကြည်ပြီး

ကောက်ကြောင်းပုံဖော်ရတဲ့ မှုခင်းစိတ်ပညာပေါ်မှာ အယုံအကြည်မရှိသူတစ်ဦး ဖြစ်ပါတယ်။

“ရွှီစီပိုင်” … သူကတော့ ရောဂါဗေဒဆရာဝန်တစ်ဦး…

ရဲတပ်ဖွဲ့အတွက် အလောင်းတွေခွဲစိတ်စစ်ဆေးပေးနေရသလို

နောက်ထပ်ရောဂါဗေဒဆရာဝန်လောင်းတွေကို သင်ကြားပေးနေရသူတစ်ယောက်

ရုပ်ရည်ချောမောသလို ဟင်းချက်လည်းအရမ်းတော်တဲ့သူတစ်ဦးပါ….

သူကတော့ အတိတ်မေ့နေတဲ့ ပိုင်ကျင်ရှီးရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို

ပိုင်ကျင်ရှီးကို တစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့သူငယ်ချင်းလေး

ပိုင်ကျင်ရှီး ဟန်ချန်း နဲ့ ရွှီစီပိုင်တို့နဲ့အတူ အနက်ရောင်ဒိုင်း အထူးတပ်ဖွဲ့မှာ

ကွန်ပျူတာကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ကျိုးရှောင်ကျွမ့်……

“ပိုကာမျက်နှာ” လို့တင်စားခေါ်ဝေါ်လောက်အောင် မျက်နှာသေကြီးနဲ့ ရုပ်တည်ကြီးနဲ့နေတတ်တဲ့

တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ အရှာရှိရှီ…..

အမှုလိုက်ကျွမ်းပြီးသတ္တိရှိပေမယ့် စကားအလွန်များလွန်းလို့

“လေအိုး” လို့ခေါ်ကြတဲ့ရဲအရာရှိတစ်ယောက်ရယ်

လာပြီးပေါင်းမိကြတဲ့အခါ ဘယ်လိုအမှုတွေများ ဖော်ထုတ်ကြမှာလဲလို့ စောင့်ကြည့်လိုက်ပါ။

ဒီစီးရီးဟာ တရုတ်စီးရီးကိုကြိုက်နှစ်သက်ကြတဲ့ နူတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ

စီးရီးတစ်ခုဖြစ်လာမှာဖြစ်သလို မှု့ခင်းနဲ့ကွင်းဆက်လူသတ်သမားကားတွေ

ထောက်လှမ်းရေးကားတွေကိုကြိုက်တဲ့ ယောကျာင်္းလေးတွေအဖို့တော့

စိတ်ကျေနပ်မှု့အပြည့်အ၀ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်….

အဆက်မပြတ်ရလေအောင်တစ်နေ့ကို ၂ ပိုင်းတင်ဆက်ပေးသွားမှာမို့

ဒါကြောင့် ကြည့်ဖို့စဉ်းစားနေသူများတွေဝေမနေပဲကြည့်ပါ…

တကယ်ကိုကောင်းတဲ့ စီးရီးတစ်ခုပါ….

Channel Myanmar

Price - 1800Ks

Episodes - 1 to 36 (Complete)

File size - 11 GB

CS003 When A snail Falls in Love (2015)


Action Crime Romance အမျိုးအစား တရုတ်စီးရီးလေးပါ။

ပထမဆုံးစတင်ပြသတဲ့ အပတ်မှာတင် အွန်လိုင်းမှာ ကြည့်ရှုသူ 200 million ထိရှိခဲ့ပြီး

ဒုတိယအပတ်မှာတော့ ကြည့်ရှုနှုန်း  1 billion ကျော်သွားတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။

ကြည့်ရှုသူတွေပေးတဲ့ Viki rating မှာ  9.8/10 ထိကို ရထားပါတယ်။

ဇာတ်ညွှန်းရေးထားတဲ့သူကလည်း ကျွန်တော်တို့ CM က တင်ဆက်ပေးခဲ့တဲ့ “Love me if you dare”

Crime မှုခင်းဇာတ်လမ်းတွဲကို ရေးသားခဲ့တဲ့သူဖြစ်တာကြောင့်

စိတ်ဝင်စားစရာကောင်းမယ်ဆိုတာ အထူးပြောစရာမလိုဘူးထင်ပါတယ်။

ဆုတွေအနေနဲ့လည်း Drama of  the year ( Drangon year),

Quality Network Drama of the year နဲ့

Top 10 Drama of the year စသဖြင့် ဇာတ်ကားဆုတွေရထားသလို

မင်းသားမင်းသမီးတွေပါ ဆုတွေအသီးသီးရထားတဲ့ မှုခင်းကားကောင်းကောင်းလေးမို့

CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဒီကားကို ပထမဆုံးစိတ်ဝင်စားသွားမိတာက အပိုင်း ၁ကို မြန်မာပြည်မှာ ရန်ကုန်မြို့ကြီးမှာ လာရိုက်ရိုက်ကူးထားလို့ပါ။

မင်းသားက အမှုစုံစမ်းရင်းနဲ့ ရန်ကုန်ကို ရထားနဲ့ ရောက်လာတာပါ။

ရန်ကုန်မြို့လယ်က ရှုခင်းအလှတွေ ………

မြန်မာပြည်ရထားပေါ်က နေ့ခင်းကြောင်တောင် ခါးပိုက်နှိုက်တွေ၊

သွက်လက်ထက်မြက်တဲ့ မြန်မာနိုင်ငံကရထားရဲတပ်ဖွဲ့ စကာတွေကိုပါ

တစ်စိတ်တစ်ဒေသ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့…….

“ကျီပိုင်” ဆိုတဲ့ ရာဇ၀တ်မှုစုံစမ်းရေးရဲအရာရှိက သွက်လက်ထက်မြက်ပြီး မှုခင်းစုံစမ်းနေတဲ့မှာလည်း

ဆရာတစ်ဆူလို ရဲလောကမှာ နာမည်ကျော်ကြားနေတဲ့သူပါ။

သူရဲ့ခံယူချက်က ရဲတပ်ဖွဲ့တစ်ယောက်ဟာ ကျန်းမာကြံခိုင်ပြီး သွက်သွက်လက်လက်လူမျိုးပဲ ဖြစ်ရမယ်။

သူတပ်ဖွဲ့မှာဆိုရင် ပျော့ညံ့တဲ့ မိန်းကလေးအရာရှိတွေမလိုချင်ဘူး။

သူ့ကြောင့် သူ့တပ်ဖွဲ့မှာ ရဲမေ မရှိပါဘူး။

တစ်နေ့တော့ စိတ်ပညာကျွမ်းကျင်ပြီး မှုခင်းထောက်လှမ်းတဲ့ ကောက်ကြောင်းပုံဖော်မှုမှာ

ကျွမ်းကျင်တဲ့ရဲမေ “ရွှီရွှီ” ကို ကြံခိုင်ရေးစစ်ဆေးတာ မအောင်ပေမယ့်

  အထက်အရာရှိက မှုခင်းထောက်လှမ်းတာတော်လို့ သူတို့ဌာနကို ပို့ပေးလိုက်ပါတယ်။

သူကလည်း သူက မှုခင်းထောက်လှမ်းတာတော်ပေမယ့် ခရုလေးတစ်ကောင်လိုမျိုး လေးလံနှေးကွေးပြီး

အေးအေးဆေးဆေးနေတတ်သူလေးပါ။

ဒီလို ဆန့်ကျင်ဖက်လူနှစ်ယောက် ဘယ်လိုရှေ့ဆက်နိုင်ပါ့မလဲ။

တစ်ဖွဲ့တည်းမှာ ဘယ်လိုမှုခင်းတွေကို ဖော်ထုတ်ကြမလဲဆိုတာကို

သူတို့ရဲ့မှုခင်းတွေက မြန်မာနိုင်ငံနဲ့ရော ဘယ်လိုပတ်သတ်နေမလဲဆိုတာကိုတော့

ဆက်လက်ရှုစား စောင့်ကြည့်လိုက်ကြပါ။

Channel Myanmar

Price - 1000Ks

Episodes - 1 to 21 (Complete)

File size - 5 GB

CS002 The Return of the Condor Heroes (2006) သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲ

သိုင်းဇာတ်လမ်းတွဲတွေကို တီဗွီအစီအစဉ်တစ်ခုအနေနဲ့ မပြသခင်အချိန်
သိုင်းဇာတ်လမ်းတွဲများကို ဘာသာပြန် စာရေးဆရာကြီးများ စတင်ဘာသာပြန်
ထုပ်ဝေခဲ့တဲ့ အချိန်ကစလို့ယနေ့ ကွန်ပျူတာ အင်တာနက်ခေတ်တိုင်အောင်
သိုင်းဝတ္တူကို ချစ်မြတ်နိုးသူ သိုင်းဇာတ်လမ်းတွဲများအား နှစ်သက်သူ
သိုင်းလောကသားတွေကြားမှာ နာမည်တစ်လုံးနဲ့ ယနေ့တိုင်ရပ်တည်ခဲ့တဲ့
ဇာတ်လမ်းတွဲကြီးတစ်ခုရှိခဲ့ပါတယ်။

ဇာတ်လမ်းတွဲကြီးလို့ ပြောရခြင်းကတော့
သူ့မှာ ခေတ်သုံးခေတ် အပိုင်းသုံးပိုင်းပါဝင်ပြီး အချို့ fan theory များအရ
ခေတ်လေးခေတ် အတွဲလေးတွဲတောင် ဖြစ်နိုင်ပါသေးသတဲ့ဗျာ fan theory
အချို့ကိုပြောရရင် ပထမဆုံးဇာတ်လမ်းက လွမ်းငွေ့ဝေဖြာသိုင်းကမ္ဘာ
(တိမ်လွှာနဂါး သူရဲကောင်းများလို့လည်း သိကြမှာပါ)…သူ့ရဲ့
ဇာတ်လမ်းအခင်းအကျင်းအရ သူတောင်းစားဂိုဏ်းချုပ်ချောင်ဖုန်းသုံးခဲ့တဲ့
နဂါးနိုင်လက်ဝါးသိုင်းကို နောက်ဆုံးသူချောက်နက်ထဲခုန်ချသွားပြီးနောက်
တစ်နည်းတစ်ဖုံ မသေပဲ ဟုန်ချစ်ကုန်းကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ပါသတဲ့
နောက်တစ်ချက်က တလိ့ပြည်မှ အရိပ်မဲ့ဓါးပညာများ လက်ညိုးဓါးပညာများဟာလည်း
နောက်ပိုင်းဇာတ်လမ်းတွဲများမှာ ပြန်လည်ပါဝင်လာခဲ့ပါသေးတယ်။

ဒုတိယ ဇာတ်လမ်းတွဲ အနေနဲ့( အခိုင်အမာပြောနိုင်တာကတော့ ဒီဇာတ်လမ်းက
ကနဦး ပေါ့ဗျာ)သိန်းငှက်သူရဲကောင်း(၁)ကော်ကျင့်နဲ့ ဟွမ်းယုံ တို့ခေတ်ကို
ရောက်ရှိလာပါပြီ တရုပ်ပြည်မကြီးကို
ကျင်းလူမျိုးတွေက ဝင်ရောက်ကျူးကျော်နေချိန်မှာ မြေပြန်သိုင်းလောကသားများမှ
ကျင်းလူမျိုးများကို မွန်ဂိုတို့နဲ့ ပူးပေါင်းလို့ တစ်တပ်တစ်အား တိုက်ထုပ်နေတဲ့အချိန်ကို
အချစ် အလွမ်း သူရဲကောင်းတို့နှလုံးသား အာဏာ ရမက် စတာတွေနဲ့ တန်ဆာဆင်လို့
စာဖတ်ရတဲ့သူရော ရုပ်ရှင်ကြည့်ရတဲ့သူပါ တလှပ်လှပ်ဖြစ်စေမယ့် ဇာတ်ဝင်ခန်းတွေနဲ့
အဆုံးအထိ ဆွဲခေါ်သွားတဲ့ဇာတ်လမ်းတစ်ခုပါ။

နောက် ဒုတိယ ဇာတ်လမ်းကြီးကတော့
သိန်းငှက်သူရဲကောင်း(၂) ကော့အယ်နဲ့ လုံမိန်းကလေးတို့ရဲ့ ဇာတ်လမ်းပါ ဒီဇာတ်လမ်းကတော့
ပထမ သိန်းငှက်သူရဲကောင်း(၁)ကို အခြေခံထားပြီး မွေးကတည်းက အဖေမရှိတော့တဲ့
မျက်နှာမွဲအပယ်ခံ လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို စတင်ဇာတ်လမ်းဆင်ထားပါတယ်
ဖခင်ရဲ့ အပြောင်းအလဲမြန်တဲ့ စိတ်ဓါတ်ကို အမွေရထားခဲ့ပြီး မိခင်ရဲ့ သနားကြင်နာတတ်တဲ့
နှလုံးသားမျိုးနဲ့ ကလေးငယ်တစ်ယောက် ဘဝရဲ့ တိုက်ပွဲအခက်အခဲတွေကြားမှာ ဘယ်လို
ရှင်သန်နေထိုင် ရပ်တည်ခဲ့ရသလဲဆိုတာကို ဖော်ညွှန်းခဲ့ပြီး အော် …ဘဝဆိုတာ ထင်တိုင်း
မဖြောင့်ဖြူးနိုင်ပါလားလို့ပဲ အတွေးပေါက်ခဲ့ပြန်ပါတယ်…။

တတိယ ဇာတ်လမ်းတွဲကြီးကတော့
ယခု ဒုတိယ ဇာတ်လမ်းတွဲဖြစ်တဲ့ သိန်းငှက်သူရဲကောင်း(၂) ရဲ့ နောက်ဆုံးအခန်းမှာ
စတင်အစပျိုးခဲ့တာ ဖြစ်ပါတယ် ဒါကတော့ လူကြီးမင်းတို့ သိပြီးသားဖြစ်နေတဲ့
နဂါးနိုင်ဓါးပါ သိန်းငှက်သူရဲကောင်းနှစ်မှာ ရှောင်ရှမ်းကျူးနဲ့ အိဆဆေးတို့ဟာ
ရှောင်လင်ကျောင်းတော်မှာ သိမ်းဆည်းထားခဲ့တဲ့ ကျိုရင်အတွင်းအားသိုင်းကျမ်းကြီးကို
သွားရောက်ခိုးယူထွက်ပြေးခဲ့ပါတယ် ဒါ့ကြောင့် ရှောင်လင်ကျောင်းမှ ကျမ်းစာစောင့်
ဘုန်းတော်ကြီး ကြယ်ရွင် ဆရာတော်နဲ့ သူ့တပည့်လေးကျန်းဆန်းဖုန်း တို့က
ကျို့ရင်အတွင်းအားသိုင်းကျမ်းကြီးအားခိုးယူသွားသူ သူခိုးများကိုလိုက်လံရှာဖွေရင်း
ယန်ကော်တို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ယန်ကော်မှ ကျန်းဆန်းဖုန်းအား သိုင်းကွက်အနည်းငယ်ပင်
သင်ကြားပေးလိုက်ပါသေးတယ် ဒီလို သိုင်းဇာတ်လမ်းတွဲကြီးကို ရေးဖြစ်ခဲ့တဲ့ ခေတ်သုံး
ခေတ်စာလောက်ကို အချိတ်အဆက်မိနေခဲ့တဲ့ သိုင်းဇာတ်လမ်းတွဲကြီးရဲ့ အလယ်ခေတ်ဖြစ်တဲ့
သိန်းငှက်သူရဲကောင်း(၂) ကို Channel Myanmar မှတင်ဆက်လိုက်ပါတယ်။



သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲဟာ နာမည်​​ကျော်​ စာ​ရေးဆရာကြီး ကျင်းယုံ ရဲ့ဝတ္ထုကို
ရုပ်​သံဇာတ်​လမ်းတွဲအဖြစ်​ ပြန်​လည်​အသက်​သွင်းထားခြင်းဖြစ်​ပါတယ်။

ရုပ်​သံဇာတ်​လမ်းတွဲအဖြစ်​ အတွဲ (၃) ရိုက်​ကူးခဲ့ပါတယ်​။
သိန်းငှက်​သူရဲ​ကောင်း (၁) = ​ကော်​ကျင့်
သိန်းငှက်​သူရဲ​ကောင်း (၂) = ရန်​​ကော်
နဂါးနိုင်​ဓါး (၃) = ကျန်းဝူကျိ [ ဤအတွဲကို နှစ်​အတန်​ကြာမှရိုက်​ကူး]

နာမည်​​ကျော်​ဇာတ်​လမ်းတွဲကြီးမို့ ​ခေတ်​အဆက်​ဆက်​ ပုံစံအမျိုးမျိုး
ပြောင်းလဲပြီး ရိုက်​ကူးခဲ့ကြပါတယ်​ ပရိတ်​သတ်​တို့ရဲ့အကြားမှာ
ရေပန်းစားပြီးလူကြိုက်​များတဲ့ ဂူးဂူး ( လီယီဖိန်​) သရုပ်​​ဆောင်​ထားတဲ့
၂၀၀၆ ဗားရှင်း​လေးကို ကျွန်​​တော်​တို့ CM ပရိတ်​သတ်​​တွေအတွက်
ကြည်​​တောက်​ဗားရှင်းနဲ့ ပြန်လည်ခံစားနိုင်အောင် တင်ဆက်လိုက်ပါတယ်။
ဒီဇာတ်လမ်းတွဲကို Original DVD9 အခွေကနေ တိုက်ရိုက် Rip ခဲ့ပြီး ဒီ့ထက်ကြည်တောက်တဲ့ ရုပ်သံ Version အင်တာနက်မယ်မရှိတော့ပါဘူး။
ဇာတ်​လမ်းကိုတော့ Spoiler ဖြစ်မှာစိုးလို့ မဖော်ပြတော့ပါ။
( ဘာသာပြန်ခဲ့ကြသူများကတော့ Min Thet Oo , Sitt Moe Eain , Nay Nay , Tazin ,Chue Chue , Aung Myat Shwe တို့ဖြစ်ပါတယ်။)

Channel Myanmar

Price - 2000Ks

Episodes - 1 to 41 (Complete)

File size - 24 GB

CS001 Laughing in the Wind သိုင်းလောက စိန်ခေါ်သံ ဇာတ်လမ်းတွဲ (2001)

ယိ……..ယား…………….ဆိုတဲ့အသံလေးကို ငယ်ငယ်တုန်းက ကြားဖူးခဲ့ကြမှာပါ…မှန်ပါတယ်..အခုပြန်လည်တင်ဆက်မှာက…. လင့်ဟူချုန်း..နတ်ကလျာ…တုန်ဖုန်းပုပိုက် စတဲ့ ကလေးဘဝက ဇာတ်ကောင်တွေနဲ့ ပြန်လည်တွေ့ဆုံရမယ့် သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲပါ။ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက Universe ထဲက လက်ရာအမြောက်ဆုံးဇာတ်လမ်းတွဲပါ။
သိုင်းလောကထဲက ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုရိသအပေါင်းတို့
လေးစားအားကျ မြတ်နိုးခဲ့တဲ့သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။
သူကတော့ အမှန်တရားကိုမြတ်နိုးတတ်တဲ့ ရိုးသားဖြောင့်မတ်တဲ့
ကောက်ကျစ်ရန်လိုမှုကင်းတဲ့ ကျေးဇူးတရားကိုအသက်ထက်
စောင့်သိတတ်တဲ့ သူရဲကောင်းလင့်ဟူးချုန်းပဲဖြစ်ပါတယ်။ ဒီသိုင်းစာအုပ်ကို
ဖတ်ဖူးတဲ့ ဇာတ်လမ်းကို ကြည့်ဖူးတဲ့သိုင်းလောကသားတိုင်းလည်း သူ့ရဲ့
ကိုယ်ကျင့်စရိုက်ကို အားမကျဖူးတဲ့သူမရှိသလောက်ပါပဲ(ရှက်ကီလည်း
သိပ်ကြိုက်တတ်သူပါ) သူ့အတွက်
ပါရမီဖြည့်ဖက်အနေနဲ့ကတော့ နတ်မိမယ်တစ်မျှချောမောလှပလွန်းတဲ့
အချစ်ကြီးသလို အရှက်ရော အမျက်ပါကြီးတတ်တဲ့ သိုင်းပျိုဖြူလေး
ယဉ်ယဉ်က ပါဝင်အားဖြည့်ထားပြန်တော့ အချိုပေါ်သကာလောင်းလိုက်သလိုပါပဲ
သိုင်းလောကရဲ့ ဒဏ္ဍာရီဓါးသိုင်းတစ်ခုဖြစ်တဲ့ တူးကူးဓါးကိုးကွက်ရဲ့(ဧကရာဇ်ကိုးကွက်)နက်ရှိုင်းမြင့်မားပုံကိုလည်း ကြည့်ရှုခံစားနိုင်မှာပါ။
သိုင်းလောကသားတို့ရဲ့ အတောမသတ်နိုင်တဲ့ရမ္မက်ဆန္ဒတွေ သူတော်ကောင်း
လမ်းမှန်လို့ ခံယူထားသူတစ်ချို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က ယုတ်မာ
ရိုင်းစိုင်းမှုတွေ အဖြူနဲ့အမဲ အမှားနဲ့ အမှန်ကြားက ဖြူစင်စွာနှောင်ဖွဲ့မိခဲ့တဲ့
သံယောဇဉ်အပိုင်းအစတွေ ငါးစာရဲ့နောက်ကွယ်ကနေ ပါလာတတ်တဲ့
အသွားထက်ထက်နဲ့ ငါးမျှားချိတ်တွေ အချစ်အလွမ်း အမုန်းအာဃာဒ
နူးညံ့တဲ့ ဂီတ သံယောဇဉ်စတဲ့ ရသအမျိုးမျိုးနဲ့ ခြယ်မှုန်းထားခဲ့တဲ့
သိုင်းလောကရဲ့စိန်ခေါ်သံဆိုတဲ့ ဇာတ်လမ်းတွဲကြီးဟာ မူရင်းစာရေးဆရာ
ကျင်းယုံရဲ့ ဝတ္တုကို ၂၀၀၁ ခုနှစ်မှာဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ရိုက်ကူးထားခဲ့တာပါ။
IMDb (8.0)ရရှိထားပါတယ်။ ကြည့်ဖူးပြီးသားလူတွေရှိပေမယ့် ဂန္တဝင်သိုင်းဇာတ်လမ်းတွဲကို အကြည်ဆုံး Version နဲ့ မှတ်တမ်းတင်ခဲ့ချင်တာကြောင့် ChannelMyanmar ကနေ ပြန်လည်တူးဖော်ပြီး အကြည်ဆုံး Quality နဲ့တင်ဆက်လိုက်ပါတယ်။
သိုင်းလောကသားများအတွက် ဆက်လက်ကြိုးစားပါဦးမည်။
( ဘာသာပြန်တင်ဆက်ထားတဲ့ သိုင်းလောကသားများကတော့ Min Thet Oo , Sitt Moe Eain , Nay Nay , Tazin ,Chue Chue , Aung Myat Shwe တို့ဖြစ်ပါတယ်။)

Channel Myanmar

Price - 2000Ks

Episodes - 1 to 40 (Complete)

File size - 20 GB