သိုင်းဇာတ်လမ်းတွဲတွေကို တီဗွီအစီအစဉ်တစ်ခုအနေနဲ့ မပြသခင်အချိန်
သိုင်းဇာတ်လမ်းတွဲများကို ဘာသာပြန် စာရေးဆရာကြီးများ စတင်ဘာသာပြန်
ထုပ်ဝေခဲ့တဲ့ အချိန်ကစလို့ယနေ့ ကွန်ပျူတာ အင်တာနက်ခေတ်တိုင်အောင်
သိုင်းဝတ္တူကို ချစ်မြတ်နိုးသူ သိုင်းဇာတ်လမ်းတွဲများအား နှစ်သက်သူ
သိုင်းလောကသားတွေကြားမှာ နာမည်တစ်လုံးနဲ့ ယနေ့တိုင်ရပ်တည်ခဲ့တဲ့
ဇာတ်လမ်းတွဲကြီးတစ်ခုရှိခဲ့ပါတယ်။
ဇာတ်လမ်းတွဲကြီးလို့ ပြောရခြင်းကတော့
သူ့မှာ ခေတ်သုံးခေတ် အပိုင်းသုံးပိုင်းပါဝင်ပြီး အချို့ fan theory များအရ
ခေတ်လေးခေတ် အတွဲလေးတွဲတောင် ဖြစ်နိုင်ပါသေးသတဲ့ဗျာ fan theory
အချို့ကိုပြောရရင် ပထမဆုံးဇာတ်လမ်းက လွမ်းငွေ့ဝေဖြာသိုင်းကမ္ဘာ
(တိမ်လွှာနဂါး သူရဲကောင်းများလို့လည်း သိကြမှာပါ)…သူ့ရဲ့
ဇာတ်လမ်းအခင်းအကျင်းအရ သူတောင်းစားဂိုဏ်းချုပ်ချောင်ဖုန်းသုံးခဲ့တဲ့
နဂါးနိုင်လက်ဝါးသိုင်းကို နောက်ဆုံးသူချောက်နက်ထဲခုန်ချသွားပြီးနောက်
တစ်နည်းတစ်ဖုံ မသေပဲ ဟုန်ချစ်ကုန်းကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ပါသတဲ့
နောက်တစ်ချက်က တလိ့ပြည်မှ အရိပ်မဲ့ဓါးပညာများ လက်ညိုးဓါးပညာများဟာလည်း
နောက်ပိုင်းဇာတ်လမ်းတွဲများမှာ ပြန်လည်ပါဝင်လာခဲ့ပါသေးတယ်။
ဒုတိယ ဇာတ်လမ်းတွဲ အနေနဲ့( အခိုင်အမာပြောနိုင်တာကတော့ ဒီဇာတ်လမ်းက
ကနဦး ပေါ့ဗျာ)သိန်းငှက်သူရဲကောင်း(၁)ကော်ကျင့်နဲ့ ဟွမ်းယုံ တို့ခေတ်ကို
ရောက်ရှိလာပါပြီ တရုပ်ပြည်မကြီးကို
ကျင်းလူမျိုးတွေက ဝင်ရောက်ကျူးကျော်နေချိန်မှာ မြေပြန်သိုင်းလောကသားများမှ
ကျင်းလူမျိုးများကို မွန်ဂိုတို့နဲ့ ပူးပေါင်းလို့ တစ်တပ်တစ်အား တိုက်ထုပ်နေတဲ့အချိန်ကို
အချစ် အလွမ်း သူရဲကောင်းတို့နှလုံးသား အာဏာ ရမက် စတာတွေနဲ့ တန်ဆာဆင်လို့
စာဖတ်ရတဲ့သူရော ရုပ်ရှင်ကြည့်ရတဲ့သူပါ တလှပ်လှပ်ဖြစ်စေမယ့် ဇာတ်ဝင်ခန်းတွေနဲ့
အဆုံးအထိ ဆွဲခေါ်သွားတဲ့ဇာတ်လမ်းတစ်ခုပါ။
နောက် ဒုတိယ ဇာတ်လမ်းကြီးကတော့
သိန်းငှက်သူရဲကောင်း(၂) ကော့အယ်နဲ့ လုံမိန်းကလေးတို့ရဲ့ ဇာတ်လမ်းပါ ဒီဇာတ်လမ်းကတော့
ပထမ သိန်းငှက်သူရဲကောင်း(၁)ကို အခြေခံထားပြီး မွေးကတည်းက အဖေမရှိတော့တဲ့
မျက်နှာမွဲအပယ်ခံ လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို စတင်ဇာတ်လမ်းဆင်ထားပါတယ်
ဖခင်ရဲ့ အပြောင်းအလဲမြန်တဲ့ စိတ်ဓါတ်ကို အမွေရထားခဲ့ပြီး မိခင်ရဲ့ သနားကြင်နာတတ်တဲ့
နှလုံးသားမျိုးနဲ့ ကလေးငယ်တစ်ယောက် ဘဝရဲ့ တိုက်ပွဲအခက်အခဲတွေကြားမှာ ဘယ်လို
ရှင်သန်နေထိုင် ရပ်တည်ခဲ့ရသလဲဆိုတာကို ဖော်ညွှန်းခဲ့ပြီး အော် …ဘဝဆိုတာ ထင်တိုင်း
မဖြောင့်ဖြူးနိုင်ပါလားလို့ပဲ အတွေးပေါက်ခဲ့ပြန်ပါတယ်…။
တတိယ ဇာတ်လမ်းတွဲကြီးကတော့
ယခု ဒုတိယ ဇာတ်လမ်းတွဲဖြစ်တဲ့ သိန်းငှက်သူရဲကောင်း(၂) ရဲ့ နောက်ဆုံးအခန်းမှာ
စတင်အစပျိုးခဲ့တာ ဖြစ်ပါတယ် ဒါကတော့ လူကြီးမင်းတို့ သိပြီးသားဖြစ်နေတဲ့
နဂါးနိုင်ဓါးပါ သိန်းငှက်သူရဲကောင်းနှစ်မှာ ရှောင်ရှမ်းကျူးနဲ့ အိဆဆေးတို့ဟာ
ရှောင်လင်ကျောင်းတော်မှာ သိမ်းဆည်းထားခဲ့တဲ့ ကျိုရင်အတွင်းအားသိုင်းကျမ်းကြီးကို
သွားရောက်ခိုးယူထွက်ပြေးခဲ့ပါတယ် ဒါ့ကြောင့် ရှောင်လင်ကျောင်းမှ ကျမ်းစာစောင့်
ဘုန်းတော်ကြီး ကြယ်ရွင် ဆရာတော်နဲ့ သူ့တပည့်လေးကျန်းဆန်းဖုန်း တို့က
ကျို့ရင်အတွင်းအားသိုင်းကျမ်းကြီးအားခိုးယူသွားသူ သူခိုးများကိုလိုက်လံရှာဖွေရင်း
ယန်ကော်တို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ယန်ကော်မှ ကျန်းဆန်းဖုန်းအား သိုင်းကွက်အနည်းငယ်ပင်
သင်ကြားပေးလိုက်ပါသေးတယ် ဒီလို သိုင်းဇာတ်လမ်းတွဲကြီးကို ရေးဖြစ်ခဲ့တဲ့ ခေတ်သုံး
ခေတ်စာလောက်ကို အချိတ်အဆက်မိနေခဲ့တဲ့ သိုင်းဇာတ်လမ်းတွဲကြီးရဲ့ အလယ်ခေတ်ဖြစ်တဲ့
သိန်းငှက်သူရဲကောင်း(၂) ကို Channel Myanmar မှတင်ဆက်လိုက်ပါတယ်။
သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲဟာ နာမည်ကျော် စာရေးဆရာကြီး ကျင်းယုံ ရဲ့ဝတ္ထုကို
ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်အသက်သွင်းထားခြင်းဖြစ်ပါတယ်။
ရုပ်သံဇာတ်လမ်းတွဲအဖြစ် အတွဲ (၃) ရိုက်ကူးခဲ့ပါတယ်။
သိန်းငှက်သူရဲကောင်း (၁) = ကော်ကျင့်
သိန်းငှက်သူရဲကောင်း (၂) = ရန်ကော်
နဂါးနိုင်ဓါး (၃) = ကျန်းဝူကျိ [ ဤအတွဲကို နှစ်အတန်ကြာမှရိုက်ကူး]
နာမည်ကျော်ဇာတ်လမ်းတွဲကြီးမို့ ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုး
ပြောင်းလဲပြီး ရိုက်ကူးခဲ့ကြပါတယ် ပရိတ်သတ်တို့ရဲ့အကြားမှာ
ရေပန်းစားပြီးလူကြိုက်များတဲ့ ဂူးဂူး ( လီယီဖိန်) သရုပ်ဆောင်ထားတဲ့
၂၀၀၆ ဗားရှင်းလေးကို ကျွန်တော်တို့ CM ပရိတ်သတ်တွေအတွက်
ကြည်တောက်ဗားရှင်းနဲ့ ပြန်လည်ခံစားနိုင်အောင် တင်ဆက်လိုက်ပါတယ်။
ဒီဇာတ်လမ်းတွဲကို Original DVD9 အခွေကနေ တိုက်ရိုက် Rip ခဲ့ပြီး ဒီ့ထက်ကြည်တောက်တဲ့ ရုပ်သံ Version အင်တာနက်မယ်မရှိတော့ပါဘူး။
ဇာတ်လမ်းကိုတော့ Spoiler ဖြစ်မှာစိုးလို့ မဖော်ပြတော့ပါ။
( ဘာသာပြန်ခဲ့ကြသူများကတော့ Min Thet Oo , Sitt Moe Eain , Nay Nay , Tazin ,Chue Chue , Aung Myat Shwe တို့ဖြစ်ပါတယ်။)
Channel Myanmar
Price - 2000Ks
Episodes - 1 to 41 (Complete)
File size - 24 GB

No comments:
Post a Comment