AKL Movies Store Series
Thursday, May 31, 2018
KS078 A Poem A Day (2018) ကဗျာဆန်သော နေ့ရက်များ
ဇာတ်ကားသစ်လေးတွေ တင်ပေးချင်ပါတယ်
အပြစ်ပြောခံရမှာလည်း ကြောက်မိပါတယ် 😔😔
ကဲကဲ ဘာပဲဖြစ်ဖြစ် အရဲစွန့်ပီးတင်လိုက်ပါ့မယ်😌😌
ဒီတစ်ခါ မိတ်ဆက်ပေးမယ့် dramaလေးကတော့ ဆရာဝန် မဟုတ်တဲ့ ဆရာဝန်တွေ အကြောင်းပါ😁😁
ခေါင်းရှုပ်သွားတယ် ဟုတ်😊
ဇာတ်ကားလေးက လူနာ ပြန်လည်ထူထောင်ရေးမှာ ကုသပေးတဲ့ ဆရာဝန်တွေ အကြောင်းပါ
မင်းသားကတော့Lee Joon Hyunk(City Hunter, House of Blue Bird,Naked Fireman, Stranger)ထဲကမင်းသားဖြစ်ပြီး မင်းသမီးကတော့ ချစ်စရာအပြုံးလေးနဲ့ Lee Yoon Biဖြစ်ပါတယ်
သူမကို Gu Family Book, Pinocchio,Scholar Who Walks the Night , Seehow 18တို့နဲ့လူသိများပါတယ်
ဒါ့အပြင်Solomon's Perjury,School 2017,
If We Were a Seasonနဲ့မိန်းကလေးတွေအသဲစွဲဖြစ်ခဲ့တဲ့ Jang Dong Woonလည်းပါဝင်ထားပါသေးတယ်
ဇာတ်လမ်းအညွှန်းလေး ပြောပြမယ်နော်
✨ဇာတ်လမ်းအညွှန်း✨
Ye Jae Wook (Lee Joon Hyuk)ဟာ ပြန်လည်ထူထောင်ရေး ကုသတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပီး သင်ကြားရေးပိုင်းမှာလည်း ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ပါ
သူက ဆေးရုံမှာလည်း ခေါင်းဆောင် ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်
Woo Bo Young (Lee Yoon Bi)ဟာတော့ ဆေးရုံရဲ့ ပြန်လည်ထူထောင်ရေး ကုသဆောင်မှာ အလုပ်ကြိုးစားသော ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်
သူမဟာ ၃နှစ်ကြာ ဆေးရုံမှာ လုပ်ခဲ့ပေမယ့် တရားဝင် ဝန်ထမ်း မဖြစ်သေးပဲ အထက်လူကြီးတွေရဲ့ အနိုင်ကျင့်မှုနဲ့ အငယ်တွေရဲ့ မလေးစားမှုကို ခံရတဲ့ ဆရာဝန်တစ်ယောက်ပါ
သူမရဲ့အိမ်မက်က ကဗျာဆရာတစ်ယောက် ဖြစ်ပေမယ့် ဆင်းရဲတဲ့မိသားစုကြောင့် ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့သူပါ
Shin Min Ho (Jang Dong Yoon)ဟာ ဆေးရုံမှာ trainee လာဆင်းသော ဆရာဝန်ပေါက်စလေးပါ
သူက ဆရာဝန် ဖြစ်ဖို့ စိတ်မဝင်စားပေမယ့် မိဘနှစ်ပါးလုံး ဆရာဝန်ဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေးကို သင်ယူခြင်း ဖြစ်ပါတယ်
Woo Bo Youngနဲ့လည်း ပတ်သက်မှုတွေရှိခဲ့ပီး အလုပ်မှာ စီနီယာ ဂျူ နီယာ ဆက်ဆံရေးတွေနဲ့ ပြန်တွေ့ရတဲ့အခါ…
စိတ်ဝင်စားစရာကောင်းတဲ့ လူတွေ သတိမထားမိတဲ့ နေရာမှာ နေရတဲ့ ဆရာဝန်တွေရဲ့ ဇာတ်ကြောင်းလေးကို ဟာသဆန်ဆန်လေးရိုက်ပြထားပါတယ်
ဆက်လက်ကြည့်ရှုပေးပါ။🙏🙏
TYMMtv.com
Price - 800Ks
Episodes - 1 to 16 (Complete)
File size - 8 GB
KS077 Something in the Rain (2018)
ကျွန်တော့်ကို စားစရာတွေဝယ်ကျွေးတတ်တဲ့ မမချောချောလေးတဲ့ .. ဘယ်သူများပါလိမ့် ???
ကဲ.. ခုတော့ jTBC ရဲ့ Drama အသစ် ဖြစ်တဲ့ (၃၀) ကျော်အရွယ် အပျိုကြီးမမတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ဦးမယ့် မ… မမရဲ့ မောင်လေး.. ? မနဲ့မောင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်တယ်ကွားး.. ?♥️
ဇာတ်ကားနာမည်က “Pretty Sister Who Buys Me Food” တဲ့ “Something in the Rain” လို့လည်းသိထားရတဲ့ ဒီဇာတ်ကားကို Son Ye-jin နဲ့ Jung Hae-in တို့က မမ ရဲ့မောင်လေး အနေနဲ့ပုံဖေါ်မှာပါတဲ့ ဒီဇာတ်လမ်းတွဲက Son Ye-jin အတွက်ဆိုရင် ၅နှစ်အကြာမှ ဇာတ်လမ်းတွဲပြန်လည်ရိုက်ကူးတဲ့ဇာတ်ကားပါ မင်းသားမင်းသမီးတွေကတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော.. ?
ဇာတ်လမ်းပုံစံလေးက ဒီလို ??
Son Ye Jin – Yoon Jin An ဆိုတဲ့ အသက်(၃၀)ကျော်အရွယ် ကော်ဖီကုမ္ပဏီက စတိုးကြီးကြပ်ရေးမှုးအဖြစ်လုပ်ကိုင်နေသူ..
သူမဟာ ဖော်ရွေပြီးဆက်ဆံရေးကောင်းတဲ့ ပေါင်းသင်းရလွယ်တဲ့သူတစ်ဦးဖြစ်သော်ငြားလည်း အတွင်းစိတ်မှာတော့ ဘဝမှာပြည့်စုံမှုမရှိဘဲ အထီးကျန်နေတဲ့သူတစ်ယောက်ပါ
ဒါပေမယ့် .. ရုတ်တရက်ဆိုသလိုပဲ သူမအချစ်ဆုံးသူငယ်ချင်း Kyung-seon ရဲ့ မောင်လေးကို ချစ်ရိပ်ချစ်ယောင်လေးသန်းလို့ ချစ်အာရုံတွေ.. ဓါတ်ကျသွားပါသတဲ့ .. ???
Jung Hae In – Kyung-seon ရဲ့ မောင်လေးSeo Joon-hee သူကတော့နိုင်ငံခြားမှာ (၃) နှစ်တာ အလုပ်သွားလုပ်ပြီးမှ ကိုရီးယားကိုပြန်လာတဲ့ ကွန်ပျူတာဂိမ်းကုမ္ပဏီက ကာရိုက်တာ ဒီဇိုင်နာ တစ်ယောက်တဲ့
(ရဲကိုကို – ထောင်သား- ပြီးတဲ့အခါ ဂိမ်းဒီဇိုင်နာလေးပေါ့)
ဒီဇာတ်လမ်းက ပုံမှန်ခင်မင်ရင်းနှီးကြတဲ့ သူနှစ်ဦးကနေ စစ်မှန်တဲ့ ချစ်သူနှစ်ဦးအဖြစ်ပြောင်းလဲသွားတဲ့ အချစ်ဇာတ်လမ်းကို ချစ်စရာ ရိုမန့်တစ် ဆန်ဆန်ပုံစံလေး ဖေါ်ကြူးရိုက်ကူးပြသသွားမှာပါတဲ့
၃၀ကျော်အရွယ် တည်ငြိမ်တဲ့အချစ်ကိုရှာဖွေနေတဲ့အပျိုကြီးမမနဲ့ ပျော်ပျော်နေတတ်တဲ့ ဂိမ်းကာရိုက်တာဒီဇိုင်နာ မောင်မောင်လေးတို့ရဲ့ ချစ်ပုံပြင်က ဘယ်လိုပုံစံလေးလာမလဲဆိုတာကိုတော့ ကြည့်ကြပါစို့လို့ ??♥️
Gold Channel
Price - 800Ks
Episodes - 1 to 16 (Complete)
File size - 6.76 GB
KS076 Avengers Social Club (2017) (ပန်းသုံးပွင့်ရဲ့ရွေရောင်ဂလဲ့စား)
စကီလေးတွေအကြိုက် ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေနဲ့ ရိုးအီနေပြီလား
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ မမတို့အကြိုက် အိမ်ထောင်ရေးဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်
"ပန်းသုံးပွင့်ရဲ့ ရွှေရောင်ကလဲ့စား" လို့အမည်ရတဲ့ ထုတ်လွှင့်ဆဲ ကိုးရီးယားဇာတ်လမ်းတွဲလေးမှာ အပိုင်း ၁၂ ပိုင်း ပါဝင်မှာပါ
အဓိက သရုပ်ဆောင်တွေကတော့
ကင်ဂျောင်ဟဲ အဖြစ် Lee Yo Won
ဟုန်ဒိုဟီး အဖြစ် Ra Mi Ran
လီမီဆု အဖြစ် Myung Se Bin တို့ပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
ကင်ဂျောင်ဟဲ လို့ခေါ်တဲ့ သူဌေးချွေးမတစ်ယောက်က ဇနီးကောင်းပီသဖို့ အမြဲကြိုးစားခဲ့ပေမဲ့လည်း ယောက်ျားရဲ့ အချိန်အတော်ကြာအောင် သစ္စာဖောက်ခံခဲ့ရတာကို သိပြီး ယောက်ျားဖြစ်သူကို လက်စားချေချင်စိတ် ပြင်းပြခဲ့ပါတယ်
ဟုန်ဒိုဟီး ဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ သေဆုံးသွားပြီးတည်းက သားနဲ့သမီးကို ရိုးရိုးသားသားရှာဖွေကျွေးမွေးနေရသူပါ
လီမိဆုကတော့ တက္ကသိုလ်မှ ပါမောက္ခဖြစ်တဲ့ ယောက်ျားဖြစ်သူရဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ဒါဏ်ကို အချိန်တော်ကြာ သည်းခံခဲ့ရပါတယ်
ဘဝရဲ့ အချိုးအကွေ့မှာ လီမိဆုက ကင်ဂျောင်ဟဲ , ဟုန်ဒိုဟီးတို့နဲ့ တွေ့ဆုံပြီး သူ့ရဲ့ ကိုယ်ပိုင်ဘဝကို အစပျိုးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်
ကင်ဂျောင်ဟဲ , လီမီဆု နဲ့ ဟုန်ဒိုဟီး တို့တွေ့ဆုံကြပြီးနောက် သူတို့ရဲ့နာကြည်းချက်တွေကို ကလဲ့စားချေနိုင်ဖို့ အုပ်စုဖွဲ့ဖြစ်ခဲ့ကြပါတယ်
အဲ့ဒီ့နောက်မှာ ဘယ်လို ကလဲ့စားချေ ကြမလဲ?
ဘယ်လိုအလွဲလေးတွေ တွေ့ရမလဲ? သိချင်ရင်တော့ "ပန်းသုံးပွင့်ရဲ့ ရွှေရောင်ကလဲ့စား" ကိုးရီးယားဇာတ်လမ်းတွဲသစ်မှာ စောင့်မျှော်အားပေးနိုင်ပါတယ်
FIV Channel
Price - 600Ks
Episodes - 1 to 12 (Complete)
File size - 8 GB
KS075 Love For a Thousand More (2016)
နှစ်ထောင်ပေါင်းများစွာ မသေမျိုးအဖြစ် တစ်ယောက်ထဲရှင်သန်ခဲ့ရတဲ့ မီဂျို။
သူမဟာ သူမရဲ့ နှစ်တစ်ထောင် အချစ်အတွေ့ကြုံကို သုံးပြီး အချစ်အကြံပေးဆရာမအဖြစ်နဲ့ လုပ်ကိုင်ပါတယ်။
အဲ့နောက်မှာတော့ သူမဟာ သူမရဲ့အချစ်စစ်ကိုရှာတွေ့ခဲ့ပါတယ်။
သူမရဲ့အချစ်စစ်က ဘယ်သူလဲ?
ဘာတွေဆက်ဖြစ်မလဲဆိုတာတော့စောင့်မျှော်ကြည့်ရှုပေးပါခင်ဗျာ.....
FIV Channel
Price - 300Ks
Episodes - 1 to 10 (Complete)
File size - 1.66 GB
CS008 My Dear Boy (2017-2018) ကျွန်မချစ်ရတဲ့မောင်လေး
အချစ်ဇာတ်လမ်းတွဲ my dear boy taiwan drama 2017ထဲမှ အမည်ကြီး Top25ထဲမှာ သည်ဇာတ်လမ်းတွဲလေးလည်းပါဝင်ကြောင်းသိရပါတယ်
လက်ရှိပြသနေဆဲဖစ်တဲ့ ပူပူနွေးနွေးဖြစ်တဲ့ ကျွန်မချစ်ရတဲ့မောင်လေးသည်လိုအမည်ပေးထားပါတယ်
အချစ်ဇာတ်လမ်းတွဲမို့ အညွန်းတော့မလိုတော့ပါဘူးလေး ချစ်မယ် မုန်းမယ်
အတိုက်အခိုက်အတားစီးတွေရှိမယ်
ပေါ့ငိ မင်းသားအမည် အပြင်အမည်Derek Changပါ
သူ့အသက် လက်ရှိ ၂၅နှစ်ရှိပြီး
မင်းသမီး အပြင်အမည်Ruby Linပါ
သူ့မအသက်လက်ရှိ ၄၂ရှိပါပြီ
မင်းသမီးကြီးဟောင်းပါ
သူမရိုက်ခဲ့တဲ့ ဇာတ်လမ်းအရေအတွက်မနည်းတော့ပါ
သူရိုက်ခဲ့တဲ့ဇာတ်လမ်းတိုင်းကြည့်ကောင်းပါတယ်
ဒီကားလည်းကောင်းမယ်ထင်ပါတယ်
ကြည့်ရူ့ပေးပါလို့
FIV Channel
Price - 1000Ks
Episodes - 1 to 20 (Complete)
File size - 13.2 GB
CS007 Refersh Man (2018)
Ro မှ ကြိုက်တယ်ဆိုတဲ့ ချစ်ချစ်တို့အတွက် နောက်ထပ် Ro မဲ့ ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ
အထက်တန်းကတည်းက အတန်းခေါင်းဆောင်လည်းဖြစ်ပြီး စာအရမ်းတော်တဲ့ ကျုံယုထန်
စာတော်သလို မာနလဲရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်
ကျောင်းပြီးတဲ့ အခါမှာလဲ ကုပ္မဏီကြီးတစ်ခုမှာ အတွင်းရေးမှူးရာထူးနဲ့ အလုပ်ဝင်နိုင်ခဲ့ပါတယ်
သူမရဲ့ အတန်းထဲမှာပဲ အမြဲတမ်း ဥမကွဲတဲ့ သူတို့ခေါ်တဲ့ ကြက်ဥဘုရင် ကျီဝိန်ခိုင်ကတော့ စာသင်ချိန်အမြဲအိပ်နေတတ်သူပါ ဆရာက စာညံ့တဲ့ ကျီဝိန်ခိုင်ကို ကျုံယုထန်ဆီအပ်ပြီး ဒဏ်ပေးလေ့ရှိသလို ကျုံယုထန်ကလဲ အခွင့်ရေးကို အသုံးချပြီး အနိုင်ကျင့်လေ့ရှိပါတယ်
ဒါပေမဲ့ နောက် ၁၀ နှစ်အကြာမှာ ကျုံယုထန်ရဲ့အလုပ်မှာအပြောင်းအလဲဖြစ်ပြီး
ကျီဝိန်ခိုင်က CEO အသစ်တစ်ယောက်အနေနဲ့ ရောက်လာခဲ့ပါတယ်
အဲ့ဒီ့အခါ ကြက်ဥဘုရင်ကြီးက ဘယ်လိုပုံစံနဲ့ ကလဲ့စားချေမလဲ
အမြဲတမ်းရန်ဖြစ်ရင်း သတ်နေကြတဲ့ သူတို့နှစ်ယောက် နောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုတွေ Ro မလဲဆိုတာ
FIV ကတင်ဆက်ပေးမဲ့ "Tom & Jerry" ဇာတ်ကားသစ်မှာ စောင့်မျှော်အားပေးကြပါနော်
FIV Channel
Price - 850Ks
Episodes - 1 to 17 (Complete)
File size - 12.3 GB
Saturday, May 19, 2018
KS074 My Mister (2018)
IUကားလေးလာပါပြီနော်😁😁😁
အခုတစ်ခေါက်တင်ဆက်ပေးမှာကtvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်လျက်ရှိတဲ့ My Misterဆိုတဲ့ongoing ကားလေးပါ
အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ မင်းသားက Lee Sun Kyunနဲ့ မင်းသမီးကIUပါ
စုစုပေါင်း ၁၆ပိုင်းပါဝင်ထားပြီး လက်ရှိမှာ ၄ပိုင်းထွက်ရှိထားပါတယ် ၄ပိုင်းမှာတင် IMDB 6.0/10 ထိ rating ရရှိထားတဲ့ကားလေးပါ
ဒီကားလေးထဲမှာဆို IUရဲ့လုံးဝကွဲထွက်နေတဲ့ characterနဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ
ဇာတ်လမ်းအကျဉ်းကတော့
အသက်၄၀ကျော်အင်ဂျင်နီယာအိမ်ထောင်သည် အမေနှင့်အတူ,အလုပ်မရှိတဲ့အကိုတစ်ယောက်နဲ့ရုပ်ရှင်ဒါရိုက်တာရူးရူးတဲ့ညီတစ်ယောက်နဲ့အစ်ကို၂ယောက်နဲ့အတူနေထိုင်လျက်ရှိတဲ့ ပါ့ခ်ဒုန်ဟွန်း
ဒုန်ဟွန်းရဲ့ကုမ္မဏီကစီမံရေးမှုး ဂျွန်ယောင်း(Kim Young Min)နဲ့ရှုပ်နေပြီးတော့ ဒုန်ဟွန်းကိုကွာရှင်းချင်နေတဲ့ ပါခ်ဒုန်ဟွန်းရဲ့ဇနီးသည် ယွန်းဟီ(Lee Ji Ah)
အဘွားအိုကိုစောင့်ရှောက်နေရတဲ့အကြွေးတွေနစ်နေတဲ့ အသက်၂၀ကျော် ကောင်မလေးလီဂျီအန်
တစ်နေ့မှာတော့ ဒုန်ဟွန်းကို 50 million won ($50,000 USD) လက်ဆောင်လာပေးတာကိုမြင်လိုက်တဲ့ ဂျီအန်ဟာသူ့အကြွေးတွေကိုဖြေရှင်းဖို့ အဲ့ပိုက်ဆံတွေကိုယူဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး
အဲ့တော့ ဂျွန်ယောင်းကိုချဉ်းကပ်ပြီး ဒုန်ဟွန်းကို ကုမ္မဏီကထွက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့အပေးအယူနဲ့သူ့အကြွေးတွေကိုဆပ်ဖို့ကြိုးစားတဲ့အခါမှာ…..
ဒုန်ဟွန်းကိုဘယ်လိုချဉ်းကပ်မှာလဲ…….
ဇနီးသည်ဖောက်ပြန်နေတဲ့ဒုန်ဟွန်းကကောဘာတွေဆက်ဖြစ်မလဲ….
ဂျီအန်ကကောသူ့အကြွေးတွေကိုဆပ်နိုင်မှာလား….
သူတို့နှစ်ယောက်အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ? ဘယ်လိုတွေကျော်လွှားကြမလဲ? ဆိုတာဒီကားလေးမှာကြည့်ရှုကြပါလို့
ဒီကားက တခြားပျော်စရာကားတွေနဲ့မတူပါဘူး ဘဝရဲ့ရုန်းကန်ရမှုတွေ အလုပ်ခွင်အလုပ်သမားတွေ အကြောင်းရိုက်ပြထားတယ်
စစချင်းကြည့်ရင်ပျင်းစရာကောင်းတယ်ထင်ရင်ထင်လိမ့်မယ် သူတို့ကိုကြည့်ပြီးမွန်းကြပ်မိမယ် စိတ်ပင်ပန်းမိလိမ့်မယ် အစပိုင်းမှာအဲ့လိုထင်ရပေမယ့် တဖြည်းဖြည်းကြည့်ရင်းနဲ့ ကြိုက်လာလိမ့်မယ်ထင်ပါတယ်
အချိန်ပေးပြီးသေချာအေးအေးဆေးဆေးလေးကြည့် ကြည့်ပါလို့
P.S ကိုယ်ကတော့ဒီကားမှာIU ရဲ့ဇာတ်ကောင်ကိုကော သရုပ်ဆောင်တာကိုကောသဘောကျမိတယ်
Myanmar Asian Tv
Price - 800Ks
Episodes - 1 to 16 (Complete)
File size - 7 GB
Subscribe to:
Comments (Atom)






