Friday, May 18, 2018
KS071 The Good Witch (2018)
03 Mar 2018 မှာ စတင်ပြသခဲ့တဲ့ ကိုရီးယား ရုပ်သံဇတ်လမ်းတွဲ တစ်ခု နဲ့ CM ပရိတ်သက်ကို မိတ်ဆက်ပေးချင်ပါတယ်
ဇတ်လမ်းတွဲနာမည်ကတော့ The Good Witch ဖြစ်ပါတယ်
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အပိုင်းသစ်များကို တင်ဆက်ပေးသွားမှာပါ
ဒီရုပ်သံ ဇတ်လမ်းတွဲမှာတော့ မြန်မာပြည် ပရိတ်သက်များနဲ့ မစိမ်းတဲ့ ချိုဝမ် (Lee Da Hae) က ၂ ကိုယ်ခွဲ အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…
ဇတ်လမ်းပုံစံကတော့ ရဲဝန်ထမ်းကောင်း တစ်ဦး မိသားစု မှာ အမွှာ ညီအစ်မ အဖြစ် ဆန်ဟီး နှင့် ဒိုဟီး ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီး ၂ ယောက် ရှိပြီး သားအမိ သားအဖ ၄ ယောက်ရဲ့ ပျော်ရွှင်စရာ ဘ၀လေး အဖြစ် ရှိနေခဲ့ပါတယ်…
တစ်ရက်မှာတော့ အမွှာညီအစ်မ ရဲ့ အဖေဖြစ်သူဟာ တာဝန်ဖြင့် ကင်းလှည့်ရင်း အသတ်ခံလိုက်ရပြီးတရားခံလဲ မပေါ်ခဲ့ပါဘူး
ဖခင် မရှိတော့တဲ့ ၂ယောက် အမေကို အားကိုးနေရတဲ့ အမွှာညီအစ်မတွေဟာ သူတို့ ဖြစ်ချင်ခဲ့တဲ့ လေယဉ်မယ် ဖြစ်ဖို့ သက္ကသိုလ် တက်ချင်ပေမယ့် စီးပွားရေး အခြေအနေကြောင့် အစ်မ ဖြစ်သူ ဆန်ဟီး က ညီမဖြစ်သူ ဒိုဟီး ကို သူမ အနစ်နာခံပြီး ပေးတက်ခဲ့ပါတယ်…
ဒါပေမယ့် တစ်ဖြေးဖြေး ပြောင်းလဲလာတဲ့ ဒိုဟီး ဟာ အမေ နှင့် အစ်မ ဖြစ်သူတို့ က သူမအတွက် နိမ့်ကျစရာ အဖြစ် မြင်ခဲ့ပြီး အိမ်ကနေ ထွက်သွားခဲ့ပါတော့တယ်…
ဒီလိုနဲ့ ဆန်ဟီး နှင့် ဒိုဟီး အမွှာညီအစ်မ နှစ်ယောက် ရဲ့ ဇတ်လမ်းက ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာကိုတော့
Channel Myanmar
Price - 1000Ks
Episodes - 1 to 40 (Complete)
File size - 8.6 GB
Subscribe to:
Post Comments (Atom)

No comments:
Post a Comment