Friday, May 4, 2018

KS007 City Hunter (2011)


စီးရီးအညွှန်း
=========================
ဟောင်းပေမယ့် အခုထိကောင်းနေဆဲဖြစ်တဲ့ ကိုရီးယားစီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးရင်း အပိုင်း ၁ ကိုစပြီးတင်ပေးလိုက်ပါတယ်...
ဒီစီးရီးလေးကိုလူတိုင်းသိပြီးသားဖြစ်ကြမှာပါ...တောင်ကိုရီးယားရဲ့ထိပ်တန်းနာမည်ကြီးမင်းသားချော လီမင်ဟိုရဲ့ အအောင်မြင်ဆုံး စီးရီးတစ်ခုပါ....
ဇာတ်လမ်းအကြောင်းလေးကိုဖတ်ကြည့်လိုက်ရအောင်လား
=================================================
ဒီစီးရီးလေးကတော့ F4 ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာတဲ့ မင်းသားလီမင်ဟိုရဲ့ ဒုတိယအအောင်မြင်ဆုံးစီးရီးတစ်ခုဆိုရင်လည်းမမှားပါဘူး…
ဒီစီးရီးလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင် ဇာတ်လမ်းစထားကတည်းက ကျွန်တော်တို့မြန်မာပြည်အကြောင်းနဲ့စထားတာပဲဖြစ်ပါတယ်….
မြန်မာခေါင်းဆောင်ကြီးတွေရဲ့ဗိမာန်ကိုလာဂါရ၀ပြုတဲ့ တောင်ကိုရီးယားသမ္ပတကို မြောက်ကိုရီးယားဘက်ကလုပ်ကြံတဲ့အတွက်ကြောင့် မြန်မာလူမျိုးများအပါဝင်တောင်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်း သံရုံးဝန်ထမ်းအချို့သေဆုံးခဲ့ရပါတယ်…
ဒီလုပ်ရပ်ကြောင့် တောင်ကိုရီးယားအထက်ပိုင်းအရာရှိကြီးများမခံရပ်နိုင်ဖြစ်ကာ မြောက်ကိုရီးယားဘက်ကိုသုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့တိတ်တဆိတ်စေလွှတ်ခဲ့ရာကနေပြီးတော့ ဇာတ်လမ်းကိုပထမပိုင်းတည်းကနေ အရှိန်တက်အောင်စွဲဆောင်ထားနိုင်ခဲ့ပါတယ်…..
Rating 8.3 ရှိတဲ့ ဒီစီးရီးလေးဟာ တောင်ကိုရီးယားနိုင်ငံတွင်ရိုက်ကူးခဲ့ရုံမဟုတ်ပဲ ထိုင်းနိုင်ငံမှာပါ အမြင်ဆန်းအောင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်…
ဒီစီးရီးကိုညွှန်းရမယ်ဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးကိုပြောရမှာဖြစ်လို့ ကြည့်ရှု့ပြီးကိုယ်တိုင်သာဆုံးဖြတ်ကြပါ…
ကြာနေပြီဖြစ်တဲ့ ဒီစီးရီးလေးကို အမှတ်မထင်ကြည့်မိတာကနေ ကြိုက်မိသွားလို့မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်ကော ကြည့်ပြီးသွားတဲ့ ပရိသတ်တွေပါ
Quality ကောင်းကောင်းဘာသာပြန်ကောင်းကောင်းနဲ့ပြန်လည်ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်…

Channel Myanmar

Price - 1000Ks

Episodes - 1 to 20 (Complete)

File size - 8.98 GB

No comments:

Post a Comment