Friday, May 4, 2018

KS045 The package (2017)



MMATV မှာ Ongoing KDrama တွေနဲ့ြ့ပတ်လပ်နေတာကြာပြီဆိုတော့လဲ JTBC ရုပ်သံလိုင်းမှ 13.10.2017 မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ " The Package " ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ -
ယွန်းဆိုဆို ( Lee Yeon Hee) က ပြင်သစ်ခရီးသွားလမ်းညွှန်တစ်ယောက်ပါ ... တစ်နေ့တော့ သူမဟာ ခရီးစဉ်တစ်ခုရဲ့ ခရီးသွားလမ်းညွှန်အဖြစ် လိုက်ပါရတယ် ... သူ့ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသွားတစ်ယောက်ချင်းစီတိုင်းမှာ ဇာတ်လမ်းတစ်ခုစီ ရှိနေကြတဲ့အခါ ...
ရှေးလူကြီးတွေ ပြောကြတယ် တစ်ယောက်အကြောင်း တစ်ယောက် သိချင်တဲ့အခါ ခရီးသွားကြည့်ပါတဲ့ ... ခရီးတစ်ခုကို တူတူသွားကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ , မေတ္တာတွေနဲ့ အချင်းချင်း ရိုင်းပင်းကူညီဖြစ်ကြပါတယ် ...
ဒီကားလေးမှာရော မေတ္တာအပြည့်နဲ့ ပျော်ရွင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်လာမလား ...? သတ်ပွဲတွေနဲ့.. ခရီးစဉ် ဖြစ်လာမလားဆိုတာကို ဆက်လက် စောင့်ကြည့်ရမယ့် Family Drama series တစ်ပုဒ်ဖြစ်ပါတယ် ...?
ပြင်သစ်နိုင်ငံကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်လို့ ခရီးစရိတ်မလိုပဲ ပြင်သစ်ရောက်သလို ဖြစ်နေမှာနော် ...
Main Cast တွေကတော့ -
ပြင်သစ်ခရီးသွားလမ်းညွှန်မလေး ... ယွန်းဆိုဆို အဖြစ် Lee Yeon Hee
ခရီးသွား ... ဆန်းမာရူ အဖြစ် Jung Yong Hwa (CNBlue)
တို့နဲ့တူတူ ... သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ရိုက်ကူးထားပါတယ် ...
စုစုပေါင်း အပိုင်းရေ ၁၂ ပိုင်း ပါဝင်ပြီး အပတ်စဉ် Friday & Saturday ည တွေမှာ တောင်ကိုရီးယား ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ JTBC မှာ ပြသသွားမှာဖြစ်ပါတယ် ...

MyanmarAsianTv

Price - 600Ks

Episodes - 1 to 12 (Complete)

File size - 3.32 GB

No comments:

Post a Comment