Friday, May 4, 2018
KS027 Moon Lovers ; Scarlet's Heart Ryeo (2016)
ကဲလာပါပြီဗျာ..အားလုံးစောင့်မျှော်နေကြတဲ့ နောက်တစ်မွန်း :3 Moon Lovers: Scarlet Heart Ryeo ဖြစ်ပါတယ်.
ဒီဇာတ်လမ်းအကြောင်းကိုမညွှန်းခင်မှာ ထုံးစံအတိုင်း အချက်အလက်လေးတွေနဲ့ တင်ပြပါဦးမယ်..
တကယ်တော့ ဒီဇာတ်လမ်းဟာ တရုတ်ဝတ္တုတစ်ခုဖြစ်တဲ့ Tong Hua ရေးသားခဲ့တဲ့ စာအုပ် Bu Bu Jing Xin ကိုပြန်လည်ရိုက်ကူးခြင်းသာဖြစ်ပါတယ်..
တရုတ်ပြည်ကလည်း Scarlet Heart ဆိုတဲ့ဇာတ်လမ်းတွဲဟာ 2011 မှာတုန်းက ပြသခဲ့ပြီးဖြစ်ပါတယ်..ဒါဟာ Korea Version ပါ..
ပြည်တွင်းပြည်ပမှာ ဒီဇာတ်လမ်းတွဲဟာ အတော်ရေပန်းစားနေပါတယ်.SBS ရုပ်သံ ကနေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၂၁ ပိုင်းထုတ်လွှင့်မှာပါ..
ဇာတ်သိမ်းပိုင်းကို နိုဝင်ဘာ 1 ရက်နေ့မှာ နောက်ဆုံးပြသမှာပဲဖြစ်ပါတယ်
ဒါရိုက်တာကတော့ Kim Kyu-Tae ဖြစ်ပြီး အဓိကသရုပ်ဆောင်အနေ နဲ့ K ဆိုပြီး မြန်မာပရိတ်သတ်တွေကြားမှာနာမည်ကြီးခဲ့တဲ့ မင်း သား Lee Joon-Gi နဲ့အတူ မင်းသမီးအနေနဲ့ အဆိုတော်မလေး IU ခေါ် Lee Ji-Eun က သရုပ်ဆောင်ထားပါတယ်…
ဇာတ်လမ်းအညွှန်း
ဟဲဆိုးဟာလက်ရှိမျက်မှောက်ခေတ် မှာရှိတဲ့မိန်းကလေးတစ်ဦးပါ..ချစ်သူနဲ့သူငယ်ချင်းတို့ သစ္စာဖောက်မှုကြောင့်ဝမ်းနည်းနေပြီးရေကန်လေးဘေးမှာသောက်ပြီးငိုနေတဲ့အချိန် ရေကန် ထဲမှာ ကလေးတစ်ဦးရေနစ်တာကိုတွေ့တဲ့အတွက်ဆင်းပြီးဆယ်လိုက်ပါတယ်..
အဲ့အချိန်မှာ နေကြတ်ခြင်းဖြစ်ပေါ်လာခဲ့လို့ ထူးခြားဆန်းကြယ်စွာနဲ့ပဲ အချိန်ခရီးသွားသလိုနဲ့ ဂိုဂူလျောခေတ်အချိန်အခါကိုပြန်ရောက်သွားပါတယ်..ရောက်သွားတဲ့အချိန်ကလည်း တိုက်ဆိုင်စွာမင်းသားတွေရေချိုးနေတဲ့အချိန် ရေကန်ထဲကိုရောက်သွားလို့ ထွက်ပြေးခဲ့ရပါတယ်.
ဂိုဂူလျောနဲ့ ၂၁ ရာစုက ကွာခြားတဲ့လူနေမှုစရိုက်တွေ..မင်းသားတွေကြားထဲက ပြသနာတွေ..ထီးနန်းအရှုပ်တော်ပုံတွေ..ကြားမှာ ဟေဆိုးတစ်ယောက်ဘယ်လိုတွေရှေ့ဆက်မလဲ..
အချစ်စစ်ကိုရောဘယ်လိုရှာတွေ့မှာလဲဆိုတာဆက်လက်ကြည့်လိုက်ပါဦးနော်
ဒီဇာတ်ကားဟာ အခုလောလောဆယ်မှာတော့ Moonlight Drawn By Clouds နဲ့အပြိုင် တစ်ရက်တည်းထွက်တာမို့ အတတ်နိုင်ဆုံးတော့အမြန်ဆုံး Update သွားပါမယ်ဖြစ်ကြောင်း ပြောကြားလိုပါတယ်
Channel Myanmar
Price - 900Ks
Episodes - 1 to 18 (Complete)
File size - 6.6 GB
Subscribe to:
Post Comments (Atom)

No comments:
Post a Comment