Friday, May 4, 2018

KS021 Descendants of the Sun (2016)



KBS 2TV ရုပ်သံလှိုင်းမှ ထုတ်လွှင့်ခဲ့ပြီး
လက်ရှိအချိန်မှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ Korea serie တစ်ခုပါ
Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့
နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီး
Doctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့
ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်း အညွှန်း
=============================
အာရှအလယ်ပိုင်း ….
Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး စစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု စည်းလုံးမှုတွေကို ဖော်ညွှန်းပြီး ဒုက္ခ တွေကြားမှာ အချစ်စစ်တစ်ခုပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပါတယ်
Alpha အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယိုရှီဂျင်နဲ့ Volunteer ဆရာဝန်မလေး ဂန်မိုယွန်း တို့ အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံ မှာ စတင်တွေ့ရှိခဲ့ရာကနေ စပြီး ဟာသလေးတွေနဲ့ အချစ်ဇာတ်လမ်းကို တွေ့မြင်ရမှာပါ
ထို့ပြင် ငယ်ငယ်တည်းက ဘဝနာခဲ့တဲ့ ဒုအရာခံဗိုလ်လေး ဆိုးဒယ်ယောင်း နဲ့ ဗိုလ်မှူးချုပ်ကြီး သမီးဖြစ်တဲ့ စစ်ဆရာဝန်မလေး ယွန်မြောင်ဂျို တို့ရဲ့ ဘဝအခြေအနေမတူတဲ့ အချစ်ဇာတ်လမ်းကိုလည်း ခံစားရမှာဖြစ်ပါတယ်
အပိုင်းတစ်မှာ Running Man မှ လီဂွမ်ဆူ ဧည့်သည် သရုပ်ဆောင်ထားပြီး အပိုင်းနှစ်မှာ Shinee leader Owen က ဆရာဝန်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းလေးကလည်းကောင်း မင်းသား မင်းသမီး တွေကလည်းကောင်းလို့ ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါလို့ ညွှန်းချင်ပါတယ်။
အခုတလောမှာ ကြည့်ရှုသူဦးရေ တရစပ်မြင့်တက်လာနေတဲ့ စီးရီးတစ်ခုဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒီကိုရီးယားဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံသားများ ကြည့်ရှုကြဖို့ တိုက်တွန်းထားပါတယ်။တရုတ်မှာတော့ ကြည့်ရှုသူဦးရေ မြင့်တက်လာမှုကြောင့် သတိပေးမှုတွေတောင် ပြုလုပ်ထားတယ်လို့ ကြားသိရပါတယ်။
ဒီစီးရီးက အပိုင်း (၁၆ ပိုင်း) ထွက်ရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့ Channel Myanmar ရဲ့ Very First  ကိုရီးယားစီးရီးဖြစ်ခဲ့ပါတယ်။
(အညွှန်းကို Min Htet Khant Shar မှရေးသားထားတာပါ။
ဘာသာပြန်သူတွေကတော့ Eiz , LK , Carey Nyein , Little Neo,Kimchi  တို့ဖြစ်ကြပြီး အဲ့တုန်းက ပရိတ်သတ်ရဲ့တောင်းဆိုမှုတွေ တောက်လျှောက်ပြင်းထန်ခဲ့လို့ CM Family တွေ အူယားဖားယား ဘာသာပြန်တင်ဆက်ခဲ့ရတာ အမှတ်ရစရာပါ။)

Channel Myanmar

Price - 800Ks

Episodes - 1 to 16 (Complete)

File size - 9.59 GB

No comments:

Post a Comment