Friday, May 4, 2018

KS024 The K2 (2016)



The K2 ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲအသစ်စက်စက်လေးကို Channel Myanmar ကနေ တင်ဆက်လိုက်ပါတယ်နော်..ထုံးစံအတိုင်းဇာတ်လမ်းလေးမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်သွားပါဦးမယ်.ဒီဇာတ်ကားဟာ အပိုင်း ၁၆ ပိုင်းတိတိထုတ်လွင့် မှာဖြစ်ပြီးတော့ ထုတ်လွင့်တဲ့ Network ကတော့ TVN ရုပ်သံလိုင်းဖြစ်ပါတယ် ရိုက်ကူးသူ ဒါရိုက်တာကတော့ Kwak Jung-Hwan ဖြစ်ပြီးဇာတ်လမ်းရေးသားသူကတော့ Jang Hyeok-Rin ဖြစ်ပါတယ်.
အဓိကသရုပ်ဆောင်တွေအနေနဲ့ 2015 တုန်းက Healer ( K- Drama ) မှာ သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Ji Chang-Wook နဲ့အတူ မင်းသမီးအနေနဲ့ Korea နာမည်ကြီး Girl Band တစ်ခုဖြစ်တဲ့ Girl’s Generation (SNSD) အဖွဲ့က အဆိုတော်မလေး Yoona ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်.
ဇာတ်လမ်းအညွှန်း
အထူးတပ်ဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ် ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချ ခံရပြီးရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေးခဲ့တာကြောင့် Interpol က အလိုရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်စပိန် နိုင်ငံ ဘာစီလိုနာ မြို့ မှာ တိမ်းရှောင်နေရင်း ကိုရီးယား ပြန်လာဖို့ ကြိုးစားနေတဲ့အချိန်မှာချုပ်နှောင်ခံရမှုကနေလွတ်မြောက်ပြီး ဖခင် ဖြစ်သူနဲ့ တွေ့ ရှိနိုင်ဖို့ ကြိုးစားနေတဲ့မိန်းမငယ်လေး အန်နာ နဲ့  စတင်
ဆုံဆည်းခဲ့ပါတယ်ဒီလိုနဲ့  ကိုရီးယားကို ပြန်ရောက်ချိန်မှာတော့ သာမန် နေ့ စားလုပ်သားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း အမှုမဲ့အမှတ်မဲ့ အမတ်လောင်းတစ်ဦးရဲ့ အရှုပ်အရှင်းကို မမြင်သင့်ပဲ မြင်ခဲ့လို့ သမ္မတလောင်းရဲ့ ဇနီးသည် ချွဲ ယူဂျင်း က သူ့ ကို အပြတ်ရှင်းထုတ်ပစ်ဖို့  စီစဉ်ခဲ့ပါတယ်ဒါကို ပါးနပ်လွန်းတဲ့ ကင်မ် ဂျယ်ဟာ က လက်ဦးမှုယူပြီး သမ္မတလောင်းကတော်ကိုပြန်ပေးဆွဲက သူနဲ့ ပတ်သက်တဲ့သူတွေနဲ့ သူ့ ကို ထပ်မံပြီး ဒုက္ခပေးတာမျိုးမရှိအောင် သတိပေးဖို့ ကြိုးစားစဉ်မှာ ထပ်ဆင့် လုပ်ကြံမှုတစ်ခုနဲ့ ကြုံတွေ့ ခဲ့ရတယ်သူ့ ကို ထပ်မံလုပ်ကြံသူတွေက တစ်ချိန်က အီရတ်မှာ သူ့ ချစ်သူ ရာနီယာ ကိုသတ်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ သိပြီး လက်စားချေဖို့ အတွက် ချွဲ ယူဂျင်းနဲ့ လက်တွဲပြီးJSS အဖွဲ့ ရဲ့  အထူးသက်တော်စောင့် တစ်ယောက်အနေနဲ့ သူမုန်းတီးတဲ့ နိုင်ငံရေးလောကနဲ့ 
ပြန်လည်ပတ်သက်ဖို့ အကြောင်းဖန်လာခဲ့တယ်ချွဲ ယူဂျင်း က တော့ JB ကုမ္ပဏီ ဥက္ကဌကြီးရဲ့  သမီးကြီးတစ်ယောက်ဖြစ်ပါတယ်JSS အဖွဲ့ မှာ K2 ဆိုတဲ့ Code Name ကိုလက်ခံရရှိခဲ့တဲ့ ကင်မ် ဂျယ်ဟာတစ်ယောက် သူ ကာကွယ်ပေးရမဲ့ သမ္မတလောင်းရဲ့ သမီးက ဘာစီလိုနာမှာဆုံတွေ့ ခဲ့ဖူးတဲ့ အန်နာ ဆိုတဲ့ မိန်းမငယ်လေးဖြစ်နေတာကို သိခဲ့ရပြီးသူ တို့ သားအဖ နှစ်ယောက်ရဲ့ ဒုက္ခတွေကိုပါ သိမြင်ခဲ့လို့ ကူညီနိုင်ဖို့ ကြိုးစားရင်းအန်နာ ကို ကာကွယ်ပေးရတဲ့ သက်တော်စောင့် တစ်ဦးဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ ချွဲ ယူဂျင်းရဲ့ ရက်စက်လွန်းလှတဲ့ အစီအစဉ်တွေ …. ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့  … စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ JB ကုမ္ပဏီ ရဲ့ ပြဿနာ အရှုပ်အရှင်းတွေကြားထဲမှာK2 တစ်ယောက် အန်နာ ကို ကာကွယ်ပေးနိုင်ပါ့မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်
ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အက်ရှင် ဇာတ်လမ်းတွဲပြီးပြီး Romance ဆန်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်CM ပရိသတ်တို့  အကြိုက်တွေ့ မယ့် ဇာတ်လမ်းတွဲလေးဖြစ်မယ်ထင်ပါတယ်

Channel Myanmar

Price - 800Ks

Episodes - 1 to 16 (Complete)

File size - 5.45 GB

No comments:

Post a Comment