Friday, May 4, 2018

KS003 My Girl (2005) မြန်မာစာတန်းထိုး


ဒီ My Girl Series လေးဟာ တစ်ချိန်က မြ၀တီရုပ်မြင်သံကြားမှာ အပတ်စဉ် ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်သံဇတ်လမ်းတွဲလေး တစ်ခုပဲ ဖြစ်ပါတယ် ဒီဇတ်လမ်းလေးဟာ ဟာသ ၊ အလွမ်းအဆွေး ၊ အချစ် စသဖြင့် ခံစားချက်ပေါင်းစုံ ရရှိစေမယ့် ဇတ်လမ်းကောင်းလေးလဲ ဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးကတော့ ဂျယ်ဂျူကျွန်းမှာ ခရီးသွား ဧည့်လမ်းညွှန် လုပ်နေတဲ့ ကောင်မလေး ဂျူယွန်းအင်း နဲ့ ကိုရီးယား နိုင်ငံအနှံ့အပြား ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဖြင့် အောင်မြင်နေတဲ့ သူဌေးလေး ဂေါင်ချမ်း တို့ ရဲ့ အမှတ်မထင် လေယဉ်ပေါ်မှာ တွေ့ဆုံမှု ကနေ စမယ် ထင်တာပါပဲ… ဂေါင်ချမ်း ဟာ သူချစ်တဲ့ ကောင်မလေးက အောင်မြင်မှုနောက် လိုက်ရင်း သူ့ကို ထားခဲ့လို့ အသဲကွဲနေတာဖြစ်ပြီး အသဲကွဲ နေပေမယ့်လဲ အဖိုးဖြစ်သူ ဥက္ကဌကြီးက ဆေးရုံပေါ်မှာ သေမလိုရှင်မလိုဖြစ်နေပြီး ငယ်ငယ်လေးထဲက ဂျပန်နိုင်ငံမှာ ပျောက်သွားတဲ့ ဂေါင်ချမ်း ရဲ့ ညီမ ၀မ်းကွဲလေးကို ပြန်ရှာရမယ့် တာဝန်ဟာလဲ သူ့ပုခုံးပေါ်မှာရှိနေပါတယ် ဒီတော့ အလွမ်းအဆွေးတွေကို ခဏ ရပ်ပြီး ဟိုတယ် လုပ်ငန်း နှင့် သူ့ညီမ ၀မ်းကွဲလေးကို ရှာနေတဲ့ အပေါ်မှာပဲ အာရုံစိုက်လိုက်ပါတော့တယ်… ဒီဘက်မှာလဲ ခရီးသွားလမ်းညွှန် လုပ်နေတဲ့ ဂျူယွန်အင်း ဟာ သူမ အဖေ လောင်းကစားသမားကြောင့် ပိုက်ဆံတွေလဲ အများကြီး လျော်ကြေးပေးရ နောက်ဆုံး ဆိုးလ်မြို့ ကို ထွက်ပြေးရတဲ့ အထိ ဖြစ်ခဲ့ပါတယ် ကံကောင်းစွာ နဲ့ ဂေါင်ချမ်း နဲ့ ဆုံတွေ့ခဲ့ပြီး လိမ်တက် ညာတက် သရုပ်ဆောင်တက်တဲ့ ဂျူယွန်းအင်း ကို အလုပ်တစ်ခု လုပ်ဖို့ ကမ်းလှမ်းလာခဲ့ပါတယ် အဲ့ဒီအလုပ်ကတော့….

Channel Myanmar

Price - 800Ks

Episodes - 1 to 16 (Complete)

File size - 4.4 GB

No comments:

Post a Comment