Thursday, May 31, 2018
KS076 Avengers Social Club (2017) (ပန်းသုံးပွင့်ရဲ့ရွေရောင်ဂလဲ့စား)
စကီလေးတွေအကြိုက် ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေနဲ့ ရိုးအီနေပြီလား
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ မမတို့အကြိုက် အိမ်ထောင်ရေးဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်
"ပန်းသုံးပွင့်ရဲ့ ရွှေရောင်ကလဲ့စား" လို့အမည်ရတဲ့ ထုတ်လွှင့်ဆဲ ကိုးရီးယားဇာတ်လမ်းတွဲလေးမှာ အပိုင်း ၁၂ ပိုင်း ပါဝင်မှာပါ
အဓိက သရုပ်ဆောင်တွေကတော့
ကင်ဂျောင်ဟဲ အဖြစ် Lee Yo Won
ဟုန်ဒိုဟီး အဖြစ် Ra Mi Ran
လီမီဆု အဖြစ် Myung Se Bin တို့ပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
ကင်ဂျောင်ဟဲ လို့ခေါ်တဲ့ သူဌေးချွေးမတစ်ယောက်က ဇနီးကောင်းပီသဖို့ အမြဲကြိုးစားခဲ့ပေမဲ့လည်း ယောက်ျားရဲ့ အချိန်အတော်ကြာအောင် သစ္စာဖောက်ခံခဲ့ရတာကို သိပြီး ယောက်ျားဖြစ်သူကို လက်စားချေချင်စိတ် ပြင်းပြခဲ့ပါတယ်
ဟုန်ဒိုဟီး ဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ သေဆုံးသွားပြီးတည်းက သားနဲ့သမီးကို ရိုးရိုးသားသားရှာဖွေကျွေးမွေးနေရသူပါ
လီမိဆုကတော့ တက္ကသိုလ်မှ ပါမောက္ခဖြစ်တဲ့ ယောက်ျားဖြစ်သူရဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ဒါဏ်ကို အချိန်တော်ကြာ သည်းခံခဲ့ရပါတယ်
ဘဝရဲ့ အချိုးအကွေ့မှာ လီမိဆုက ကင်ဂျောင်ဟဲ , ဟုန်ဒိုဟီးတို့နဲ့ တွေ့ဆုံပြီး သူ့ရဲ့ ကိုယ်ပိုင်ဘဝကို အစပျိုးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်
ကင်ဂျောင်ဟဲ , လီမီဆု နဲ့ ဟုန်ဒိုဟီး တို့တွေ့ဆုံကြပြီးနောက် သူတို့ရဲ့နာကြည်းချက်တွေကို ကလဲ့စားချေနိုင်ဖို့ အုပ်စုဖွဲ့ဖြစ်ခဲ့ကြပါတယ်
အဲ့ဒီ့နောက်မှာ ဘယ်လို ကလဲ့စားချေ ကြမလဲ?
ဘယ်လိုအလွဲလေးတွေ တွေ့ရမလဲ? သိချင်ရင်တော့ "ပန်းသုံးပွင့်ရဲ့ ရွှေရောင်ကလဲ့စား" ကိုးရီးယားဇာတ်လမ်းတွဲသစ်မှာ စောင့်မျှော်အားပေးနိုင်ပါတယ်
FIV Channel
Price - 600Ks
Episodes - 1 to 12 (Complete)
File size - 8 GB
Subscribe to:
Post Comments (Atom)

No comments:
Post a Comment