Saturday, May 5, 2018

KS069 Inspiring Generation (2014)



ကိုရီးယားကားဆိုလို့ရှိရင် ချစ်သူရည်းစားအချင်းချင်း သာယာ ကြည်နူးနေတာကို ၁၆ ပိုင်းလောက် ရိုက်ပြထားတာကို သရေတမြားမြားနဲ့ ထိုင်ကြည့်နေရတာထက် ဒီလိုဇာတ်ကားမျိုးတွေကို ကြည့်ရတာ ပိုသဘောကျတယ်ဗျ …
ဒီဇာတ်ကားလေးက 1985 ကနေ 1988 နှစ်အထိ ထုတ်ဝေဖြန့်ချေခဲ့တယ့် ဆရာ Bang Hak-gi ရဲ့ Manhwa ကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ် …
ဘတ်ဂျက်စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ မီလီယမ် အကုန်ကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုလဲ ဖြစ်ပါတယ် …
အဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ –
Boys Over Flower ( F4 ) ဇာတ်လမ်းတွဲထဲမှာ လူသိများပြီး မိန်းကလေးတွေ အသဲစွဲဖြစ်ရတဲ့ ယွန်းဂျီဟို ( Kim Hyun-joong ) …
( F4 ထဲမှာ နွဲ့နွဲ့နောင်းနောင်းနဲ့ ဂျီဟို ကို ဒီဇာတ်ကားထဲမှာ လူမြင်တာနဲ့ ချမယ်ဆိုတဲ့ ရှင်ဂျောင်တေးအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ် )
Doctor Stranger , High-End Crush , Flowers of the Prison နှင့် ယခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ Ongoing Series တစ်ခုဖြစ်တဲ့ Grand Prince စသည်ဖြင့် နာမည်ကြီး Series တွေမှာပါဝင်ခဲ့တဲ့ မင်းသမီး Jin Se-yeon …
နာမည်ကြီး Action TV Series တစ်ခုဖြစ်တဲ့ Iris ဇာတ်လမ်းတွဲမှာ ကင်ယွန်းဟာ အဖြစ် သရုပ်ဆာင်ခဲ့တယ့် Im Soo-Hyang …
အစရှိတဲ့ နာမည်ကြီး သုံးယောက်က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြပါတယ် …
သူတို့တင်မကသေးပဲ –
Moon Embracing Sun , Two Weeks , Goodbye Mr.Black အစရှိတဲ့ ဇာတ်လမ်းတွဲများမှာ supporting role အဖြစ် ပါဝင်ခဲ့တဲ့ Song Jae-rim …
Marry Me , Mary ! , Who are you ? အစ ရှိတဲ့ ဇာတ်လမ်းတွဲများမှာ supporting role အဖြစ်ပါဝင်ခဲ့တဲ့ Kim Jae-wook
စသည့် supporting role မှာလဲ နာမည်ကြီး မင်းသား မင်းသမီးတွေအပြင် အခြားသော နာမည်ကြီး မင်းသား မင်းသမီးတွေလည်း များစွာပါဝင်ထားပါတယ် …
ဇာတ်လမ်းပုံစံလေးကတော့ 1930 ပြည့်နှစ်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးကို ရအောင် ကြိုးပမ်းလျှက်ရှိတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ် …
ဂျပန်တွေဟာ ကိုရီးယား နဲ့ တရုတ် ကို သိမ်းယူနိုင်ခဲ့ပါတယ် … အဲ့အချိန်မှာ လွတ်လပ်ရေးရအောင် ပြန်လည် ကြိုးပမ်းတဲ့ ရှင်းဂျောင်တေး ( Kim Hyun-Jong ) ရဲ့ အကြောင်းပေါ့ ….
ရှင်းဂျောင်တေး ရဲ့ ချစ်ရသောသူက ဂျပန် နိုင်ငံရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီဂွတ်ဟော ရဲ့ မင်းသမီးလေး ဖြစ်သူ ဂါယာ ( Im Soo-hyang ) ….
ရှင်းဂျောင်တေး ကို ငယ်စဉ်ဘဝတည်းက တစ်ဖက်သတ်လိုက်ကြိုက်နေတဲ့ ကင်အုတ်ရွန် ( Jin Se-yeon ) …
ကင်အုတ်ရွန် ကို တစ်ဖက်သတ်ကြိုက်တဲ့ ကင်ဆိုးအွတ် ( Kim Jae-wook ) …
စသည့် လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း …
တရုတ်ပြည်မှ ကွန်ဖူးကျွမ်းကျင်သူအဖြစ် မိုအဲဟွာ ( Song Jae-rim ) …
အီဂွတ်ဟောရဲ့ မင်းသမီးလေးဖြစ်သူ ဂါယာ ရဲ့ ကိုယ်ရံတော် တစ်ယောက်ဖြစ် ဆာမူရိုင်း ရှိနိချိ ( Choi Cheol-ho ) …
စသည်ဖြင့် အက်ရှင် ဇာတ်ဝင်ခန်းများကို ဖောဖောသီသီကြည့်ရှုရမှာပဲ ဖြစ်ပါတယ် …
Action အသားပေးထားပြီး Drama , Romance ကို ပါးပါးလေးပုတ်ထားတာကြောင့် အချစ်ဇာတ်လမ်းတွေကို ရိုးအီနေသူများအတွက်တော့ အတော်လေးအဆင်ပြေမယ့် ဇာတ်ကားပါ …
Rating အရလည်း IMDb မှာ 7.8/10 နှင့် AsianWiki မှာ 92% ရရှိထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းကောင်းတစ်ခုဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ …
ကဲ …. ခံစားကြည့်ရှုလိုက်ကြရအောင်နော် …

Myanmar Asian Tv

Price - 800Ks

Episodes - 1 to 16 (Complete)

File size - 7.73 GB

No comments:

Post a Comment