Thursday, May 31, 2018
KS078 A Poem A Day (2018) ကဗျာဆန်သော နေ့ရက်များ
ဇာတ်ကားသစ်လေးတွေ တင်ပေးချင်ပါတယ်
အပြစ်ပြောခံရမှာလည်း ကြောက်မိပါတယ် 😔😔
ကဲကဲ ဘာပဲဖြစ်ဖြစ် အရဲစွန့်ပီးတင်လိုက်ပါ့မယ်😌😌
ဒီတစ်ခါ မိတ်ဆက်ပေးမယ့် dramaလေးကတော့ ဆရာဝန် မဟုတ်တဲ့ ဆရာဝန်တွေ အကြောင်းပါ😁😁
ခေါင်းရှုပ်သွားတယ် ဟုတ်😊
ဇာတ်ကားလေးက လူနာ ပြန်လည်ထူထောင်ရေးမှာ ကုသပေးတဲ့ ဆရာဝန်တွေ အကြောင်းပါ
မင်းသားကတော့Lee Joon Hyunk(City Hunter, House of Blue Bird,Naked Fireman, Stranger)ထဲကမင်းသားဖြစ်ပြီး မင်းသမီးကတော့ ချစ်စရာအပြုံးလေးနဲ့ Lee Yoon Biဖြစ်ပါတယ်
သူမကို Gu Family Book, Pinocchio,Scholar Who Walks the Night , Seehow 18တို့နဲ့လူသိများပါတယ်
ဒါ့အပြင်Solomon's Perjury,School 2017,
If We Were a Seasonနဲ့မိန်းကလေးတွေအသဲစွဲဖြစ်ခဲ့တဲ့ Jang Dong Woonလည်းပါဝင်ထားပါသေးတယ်
ဇာတ်လမ်းအညွှန်းလေး ပြောပြမယ်နော်
✨ဇာတ်လမ်းအညွှန်း✨
Ye Jae Wook (Lee Joon Hyuk)ဟာ ပြန်လည်ထူထောင်ရေး ကုသတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပီး သင်ကြားရေးပိုင်းမှာလည်း ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ပါ
သူက ဆေးရုံမှာလည်း ခေါင်းဆောင် ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်
Woo Bo Young (Lee Yoon Bi)ဟာတော့ ဆေးရုံရဲ့ ပြန်လည်ထူထောင်ရေး ကုသဆောင်မှာ အလုပ်ကြိုးစားသော ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်
သူမဟာ ၃နှစ်ကြာ ဆေးရုံမှာ လုပ်ခဲ့ပေမယ့် တရားဝင် ဝန်ထမ်း မဖြစ်သေးပဲ အထက်လူကြီးတွေရဲ့ အနိုင်ကျင့်မှုနဲ့ အငယ်တွေရဲ့ မလေးစားမှုကို ခံရတဲ့ ဆရာဝန်တစ်ယောက်ပါ
သူမရဲ့အိမ်မက်က ကဗျာဆရာတစ်ယောက် ဖြစ်ပေမယ့် ဆင်းရဲတဲ့မိသားစုကြောင့် ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့သူပါ
Shin Min Ho (Jang Dong Yoon)ဟာ ဆေးရုံမှာ trainee လာဆင်းသော ဆရာဝန်ပေါက်စလေးပါ
သူက ဆရာဝန် ဖြစ်ဖို့ စိတ်မဝင်စားပေမယ့် မိဘနှစ်ပါးလုံး ဆရာဝန်ဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေးကို သင်ယူခြင်း ဖြစ်ပါတယ်
Woo Bo Youngနဲ့လည်း ပတ်သက်မှုတွေရှိခဲ့ပီး အလုပ်မှာ စီနီယာ ဂျူ နီယာ ဆက်ဆံရေးတွေနဲ့ ပြန်တွေ့ရတဲ့အခါ…
စိတ်ဝင်စားစရာကောင်းတဲ့ လူတွေ သတိမထားမိတဲ့ နေရာမှာ နေရတဲ့ ဆရာဝန်တွေရဲ့ ဇာတ်ကြောင်းလေးကို ဟာသဆန်ဆန်လေးရိုက်ပြထားပါတယ်
ဆက်လက်ကြည့်ရှုပေးပါ။🙏🙏
TYMMtv.com
Price - 800Ks
Episodes - 1 to 16 (Complete)
File size - 8 GB
Subscribe to:
Post Comments (Atom)

No comments:
Post a Comment