Friday, May 4, 2018

KS061 Goddess of Fire (2013)



IMDb 7.1
Google User 91%
ကိုရီးယား ချစ်သူများအတွက် စီးရီးလေးတစ်ခု ချစ်ခြင်းအားဖြင် တင်ဆက်လိုက်ပါရစေ
Goddess of Fire TV Series (2013– ) သည် IMDb 7.1 Google User 91% ဒါရိုက်တာ : Park Sung-Soo, Jung Dae-Yoon ရိုက်ကူးထား၍  Kwon Soon-Gyu, Lee Seo-Yoon တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Network: MBC ကထုတ်လွှင့်ခဲ့သည့် Episodes: 32 ပါရှိသော ဇာတ်လမ်းတွဲဖြစ်ကာ သရုပ်ဆောင် Geun-young Moon, Sang-yoon Lee, Bum Kim တို့ ပါဝင်သရုပ်ဆောင်ထားသော Drama, History, Romance ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
Jung Yi လို့အသိများသော Yoo Jung ဆိုသည့် Joseon မင်းဆက်က ပထမဆုံးအိုးလုပ်သူအမျိုးသမီးလေး၏ သမိုင်းကြောင်းနောက်ခံထားသည့် ဇာတ်လမ်းလေးဖြစ်ပါသည် လက်ရာမြောက်သော ကြွေထည်ပစ္စည်းများကို ဖန်တီးသူအဖြစ် သတ်မှတ်ခံရသော မိန်းကလေးတစ်ယောက်ဖြစ်သည် ‘Yoo Jung’သည် တကယ့် သမိုင်းမှတ်တမ်းဝင် ကြွေထည်ဖန်တီးရှင်အမျိုးသမီး ‘Baek Pa Sun’ ၏ အနုပညာဝိညာဉ်ပူးကပ်သူအဖြစ် လက်ခံထားကြသည် Yoo Jung သည် Joseon မင်းဆက်တွင် ထိပ်တန်းကြွေထည်ပညာရှင်ဖြစ်ရန် အိပ်မက်မက်နေသူ မိန်းကလေးတစ်ယောက်ဖြစ်သည် ။ သူဟာ ကြွေထည်ဖန်တီးရာတွင် မွေးရာပါ ပါရမီနဲ့ကျွန်းကျင်မှု အပြည့်ရှိသူအဖြစ် မွေးဖွားလာခဲ့သူဖြစ်သည်။ သူဟာ သူမရဲ့ အိပ်မက်အကောင်အထည်ဖော်ရန် သူ့ရဲ့ပါရမီကို သူရဲ့ ကျွမ်းကျင်မှုကို ထပ်မံတည်ဆောက်ကာ အတော်ဆုံးကြွေထည်ပညာရှင်ဖြစ်အောင် ကြိုးစားခဲ့လေသည် ဒီဇာတ်လမ်းတွဲဟာ Joseon မင်းဆက်အတွင်း ‘Boon Won’ ကြွေထည်အလုပ်ရုံလေးတွင် အခြေတည်ရိုက်ကူးထားသည် The porcelain produced in Joseon မင်းဆက်ရဲ့ ကြွေထည်များဟာ ၁၆ ရာစိ ခေတ် အာရှတွင် အမြင့်မားဆုံးအရည်အသွေးအဖြစ် လက်ခံထားကြသည် ကြွေထည် ယဉ်ကျေးမှုဟာ သိပ္ပံ နဲ့ အနုပညာနှစ်ခုပေါင်းစပ်ထားသော ပညာဖြစ်လေသည်။ ဒီဇာတ်လမ်းတွဲမှာ Jung Yi က ငယ်ဘဝကို ဂျပန်နိုင်ငံအစား  Joseonမှာ ရိုက်ကူးထားပါသည် ဒီဇာတ်လမ်းတွဲဟ Jung Yi နဲ့ Kwang Hae တို့ရဲ့ အချစ်ဇာတ်လမ်းလေးလည်း ဖြစ်နေပြန်သည် မင်းသား Kwang Hae ဟာ ဘဝမှ မုန်တိုင်းအပြည့်နဲ့ ဝမ်းနည်းစရာကောင်းသော မင်းသားလေးတစ်ယောက်ဖြစ်သည် သူဟာ အရမ်းချစ်လျှက်နဲ့ Jung Yi ကို စွန့်လွှတ်ခဲ့သူဖြစ်သည်။ သူ အရမ်းတဲ့အမျိုးသမီးလေးကို ချစ်တဲ့စိတ်ကို မြိုသိပ်ပြီး သူရဲ့ ခက်ခဲတဲ့ဘဝကြမ်းကို တစ်ယောက်တည်း ရုန်းကန်ခဲ့လေသည်။ ဇာတ်လမ်းအပြည့်အစုံကိုတော့ ဆက်လက်ခံစားကြည့်ရှုကြပါလို့….

FamilyofFlims

Price - 1500Ks

Episodes - 1 to 32 (Complete)

File size - 9 GB

No comments:

Post a Comment