Friday, May 4, 2018
KS062 Mother (2018)
ဒီဇာတ်ကားလေးဟာတော့ လူတိုင်းရဲ့ရင်ကို လှုပ်ခါသွားစေနိုင်မဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ Motherဆိုတဲ့ korean Drama ကောင်းလေးတစ်ခုဖြစ်ပါတယ် ။ အဓိကသရုပ်ဆောင်အနေနဲ့God's Gift -14 daysနဲ့နာမည်ပြန်ရလာပြီးမနှစ်ကWhisperကားနဲ့အနုပညာလောကထဲပြန်ဝင်လာတဲ့မင်းသားji sung ရဲ့အိမ်သူမင်းသမီးLee Bo Youngဖြစ်ပါတယ်။သူနဲ့အပြိုင် My Beautiful Brideနဲ့ မြန်မာပရိတ်သတ်တို့အသိမှတ်ပြုခံခဲ့ရပြီး While You Were Sleeping ထဲကရှေ့နေမလေး Go Sung Hee ပါဝင်ထားပါတယ်။ဒီဇာတ်ကားဟာ 2010ခုနှစ် ဂျပန်နိုင်ငံမှာ ထုတ်လွှင့်ပြသခဲ့တဲ့ Mother ဆိုတဲ့ Tv seriesကို reboot လုပ်ထားတာပဲ ဖြစ်ပါတယ်.
ဒီဇာတ်လမ်းဟာ ဂျပန်version အနေနဲ့ အတော်အသင့် အောင်မြင်ခဲ့တာ တွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းရဲ့ အစမှာ လွတ်လပ်မှုကို မြတ်နိုးတဲ့ အိမ်ပြေးမလေးတစ်ယောက်ဟာ အကြောင်းအားလျော်စွာနဲ့ မူလတန်းကျောင်းလေးမှာ ဆရာမ ဖြစ်လာခဲ့ပါတယ် ။ သူ့ရဲ့ အတန်းထဲက ကလေးတစ်ယောက်ဟာ အိမ်မှာ နှိပ်စက်ညှင်းပန်းခံနေရပြီး ဆရာမလုပ်သူက သိသွားတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ကလေးကို ဘယ်လိုကူညီနိုင်မလဲ ဘယ်လိုကယ်ဆယ်နိုင်မလဲ...ဆိုတာတော့....(မိဘမေတ္တာကို ဖော်ညွှန်းထားတဲ့ ကားလေးတစ်ကားဖြစ်ပြီး child abuseကို မြင်သာအောင် မီးမောင်းထိုးပြထားတဲ့ ရသစုံ ဇာတ်လမ်းတွဲ Mother ကို စောင့်မျော်ကြည့်ရှုကြပါဦးခင်ဗျာ...)
TYMMtv.com
Price - 800Ks
Episodes - 1 to 16 (Complete)
File size - 6 GB
Subscribe to:
Post Comments (Atom)

ဘယ်လိုဝယ်ရမလည်း ဘယ်လိုဒေါင်စရမလည်း
ReplyDelete