Marvel ရဲ့ စူပါဟီးရိုးစီးရီးအသစ် ထွက်ရှိလာခဲ့ပါပြီ။ Marvel ဟာ ရုပ်ရှင်နယ်ပယ်မှာ Hulk, Ironman တို့နဲ့ စတင်ထိုးဖောက်ခဲ့ပြီး အခုတော့ Avengers တွေကိုပါ တင်ဆက်နိုင်နေပြီဖြစ်သလို။ တီဗွီစီးရီးမှာလည်း Daredevil ကို အောင်မြင်အောင် ပြသနိုင်ခဲ့ပြီး Punisher, Elektra တို့ကို ပွဲထုတ်နိုင်ခဲ့ပါပြီ။ ၂၀၁၅ Daredevil နဲ့ Jessica Jones စီးရီး ၂ ခု ထွက်ခဲ့ပြီး စတင်ချိတ်ဆက်ခဲ့သလို အခု Jessica မှာ ပါဝင်ခဲ့တဲ့ Luke Cage ကို သီးသန့်ပွဲထုတ်လိုက်ရတာ ဘာရည်ရွယ်ချက်လဲ ဆိုတာကို ကျွန်တော်တို့ သိလိုက်ရပါပြီ။ ၂၀၁၇ အတွက် Daredevil,Jessica Jones,Luke Cage နဲ့ Iron Fist တို့ပေါင်းစည်းပြီး Defenders ထွက်လာတော့မှာ ဖြစ်လို့ပါပဲ။ အဲဒီအတွက် ဒီနှစ်ကုန်မှာ Iron Fist စီးရီးလဲ လာတော့မှာပါ။ အခုတော့ Luke Cage အကျဉ်းလေးကို ကြည့်လိုက်ရအောင်။ ဘယ်လက်နက်မှ တိုးမပေါက်နိုင်တဲ့ အရေပြားနဲ့ စွမ်းအားရှင်အဆင့် အင်အားပိုင်ဆိုင်ထားတဲ့ Luke Cage ဟာ Jessica Jones ကို ကူညီခဲ့ပြီးနောက်မှာ နယူးယောက် မေဟမ်မြို့လေးက ဆံသဆိုင်မှာပဲ အလုပ်သမားအဖြစ် ဇာတ်မြှပ်နေခဲ့ပါတယ်။ အသက်ရှင်ဖို့ကလွဲပြီး သူရဲကောင်းလုပ်ဖို့ လုံးဝစိတ်ကူးမရှိသူ တစ်ယောက်အဖြစ်ပါ။ ဒါပေမယ့် သူ့ကို ကူညီလက်ခံပေးခဲ့တဲ့ အားလုံးက ချစ်တဲ့ ဆိုင်ပိုင်ရှင်ကြီး နယ်ခံ ဒုစရိုက်ဂိုဏ်းလက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့အခါ……..ဘယ်လိုတွေ ဆက်လှုပ်ရှားလာမလဲ…..သူရဲ့ စွမ်းအားတွေနဲ့ အတိတ်က ဘယ်လိုလဲ. ဆိုတာ…….
Credit : Channel Myanmar

No comments:
Post a Comment