Friday, May 4, 2018

KS053 The Legend of the Blue Sea (2017)



Drama အသစ်စက်စက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..အားလုံးသိကြတဲ့အတိုင်းပဲ ဒီဇာတ်ကားဟာ မထွက်ခင် သုံးလလောက်အလိုကတည်းက တကယ်ရေပန်းစားနေတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသားကလည်း အချစ်တော် လီမင်ဟိုနဲ့မင်းသမီးကတော့ ကို၇ီးယားနိုင်ငံ၇ဲ့ National Love လို့တောင်တင်စားရတဲ့ ဂျန်ဂျီဟွန်းပေါ့..ဒီလိုနာမည်ကြီးဇာတ်ကောင် ၂ခုအပြိုင်ပါဝင်တဲ့Legend Of The Bluesea ဆိုတဲ့ဇာတ်ကားဟာ Nov 16 မှာစတင်ပြသခဲ့ပါပြီ
ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်သူဒါရိုက်တာကတော့ Jin Hyeok ဖြစ်ပါတယ် အပိုင်း ၂၀ ပြသသွားမှာဖြစ်ပြီး ဇန်န၀ါရီ  19 ရက်နေ့မှာနောက်ဆုံးအပိုင်းကိုတင်ဆက်သွားပါမယ် ထုတ်လွှင့်တဲ့ရုပ်သံလိုင်းကတော့ SBS ဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းကိုအကြမ်းဖျင်းမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်ဆက်ပါဦးမယ်
ဒီဇာတ်ကားဟာ လီမင်ဟိုတစ်ယောက် စစ်တပ်မှာ ၂ နှစ်အမှုမထမ်းခင် သရုပ်ဆောင်တဲ့ နောက်ဆုံး ဒရာမာတစ်ခုဖြစ်ပါတယ်..ပြီးတော့မင်းသမီး ဂျန်ဂျီဟွန်းကလည်း သူကလေးမွေးပြီး နောက် ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းကိုသြဂုတ်လ 19 ရက်နေ့ကနေစတင်ရိုက်ကူးခဲ့ပါတယ် Palau ကျွန်း နဲ့ Goesan တို့မှာရိုက်ကူးထားပြီးနောက်ဆုံး စပိန်မှာလည်း သွားရောက်ရိုက်ကူးထားပါတယ်
ဇာတ်လမ်းအညွှန်း
၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက်ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာမုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီးအသစ်ရောက်လာတဲ့ မြို့တော်ဝန်ကိုဝင့်ကြွားစွာပြသချိန်မှာတော့မြို့တော်ဝန်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ်
မြို့တော်ဝန်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကိုရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်
နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာနောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ်
ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုးဝင်ပြီးအစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင်စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ မြို့တော်ဝန်လေး ဒန်ယောင်းလူဝင်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့်သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်ဝင်စားစေတာကရေသူမလေးလက်က လက်ကောက်ကိုမြင်လိုက်ရတော့နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်းကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ်
ဒီလိုနဲ့ သူတို့တွေဘာတွေဆက်ဖြစ်မလဲ ဒန်ယောင်းကရောဘ၀ဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရောသူ့ကိုမှတ်မိပါ့မလား..ကမ္ဘာပေါ်ကိုရောက်လာတဲ့ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်းလူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ

Channel Myanmar

Price - 1000Ks

Episodes - 1 to 20 (Complete)

File size - 6.3 GB

No comments:

Post a Comment