Saturday, May 5, 2018

ES003 Jessica Jones - Season 1 Complete (13 episodes)


Jessica Jones ဆိုတဲ့ 2015 မှာ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော် …
ဒီဇာတ်လမ်းတွဲလေးကတော့ Defenders လေးယောက်ဖြစ်တဲ့ Daredevil , Iron Fist , Jessica Jones & Luke Cage တို့ထဲက တစ်ယောက်ပါ …
Season 1 မှာစုစုပေါင်း 13 ပိုင်းရှိပါတယ် … Translate ပိုင်းမှာလည်း အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်လို့ … Professional တွေ Native Speakers တွေမဟုတ်တဲ့အတွက် အမှားပါခဲ့ရင်လည်းနားလည်ပေးကြပါရှင့် ….
ဇာတ်လမ်းအကျဉ်း –
New York မြို့မှာအခြေချပြီးနေထိုင်နေတဲ့ ကြေးစားစုံစမ်းသူအနေနှင့် လုပ်နေတဲ့ ဂျက်ဆီကာ ဟာအတိတ်က ဖြစ်ရပ်ဆိုးတစ်ခုကြောင့် တစ်ခုခုကိုအမြဲစိုးရိမ်နေရသူပါ …
တစ်နေ့မှာတော့ စလော့မန်းလင်မယားဟာသူ့သမီး “ဟော့” ပျောက်တာကိုစုံစမ်းဖို့ ဂျက်ဆီကာကို လာငှါးပါတယ် … ဟော့ကိုကေးဂရေ့လို့ခေါ်တဲ့သူက ခေါ်သွားတာလို့ ဂျက်ဆီကာ က ယူဆပြီးစုံစမ်းမှုတွေဆက်လုပ်ပါတော့တယ် … ကေးဂရေ့ဆိုတာ ဂျက်ဆီကာရဲ့ အတိတ်ဆိုးရဲ့အဓိကကျတဲ့သူဖြစ်ပြီး စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ …
ကေးဂရေ့ကိုဂျက်ဆီကာက မတော်တဆမှုမှာသေပြီလို့မှတ်ထားတာပါ …
ဒါပေမယ့်ကေးဂရေ့ကမသေပဲ လက်စားပြန်ချေဖို့ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ ???
ကေးဂရေ့ နှင့် ဂျက်ဆီကာ က ဘယ်လိုပတ်သတ်နေကြတာလဲ ???
မတော်တဆမှုကဘယ်လိုဖြစ်ခဲ့တာလဲ ??? ကေးဂရေ့ကကောဘာလို့ဂျက်ဆီကာကိုလက်စားချေချင်နေရတာလဲ ???
ဂျက်ဆီကာကကောဘာကိုစိုးရိမ်နေတာလဲ ???
ဆိုတာတွေကိုတော့ Jessica Jones ဆိုတဲ့ ဒီကားလေးမှာအားပေးကြည့်ရှုနိုင်ပါပြီ
တစ်ပိုင်းနှင့်တစ်ပိုင်းက ဆက်စပ်နေတာမို့လို့ ပထမတစ်ပိုင်းလောက်ကြည့်ရုံနဲ့တော့ ဇာတ်လမ်းကို နားလည်လောက်မှာမဟုတ်ပါဘူး … ဒါ့ကြောင့် season1 ပြီးတဲ့ထိအားပေးကြပါလို့ …
Rating အရဆိုရင်လဲ IMDb မှာ 8.9 ရရှိထားတာကြောင့် တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ …
Credit: Myanmar Asian Tv 

No comments:

Post a Comment