Friday, May 4, 2018

KS048 Fight My Way (2017)



ဒီဇာတ်ကားလေးကတော့ အခုမှ ပူပူနွေးနွေး ကိုရီးယားမှာ ပြသနေတဲ့ Drama ဇာတ်လမ်းလေးပါ
သူငယ်ချင်းလေးယောက်အကြောင်း ရိုက်ပြထားတဲ့ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့….. ၂၀၀၆ ခုနှစ် နယ်မြို့လေးတစ်မြို့မှာ အထက်တန်းကျောင်းသူကျောင်းသားလေးယောက်။ လူငယ်ပီပီ ရိုးသားတယ် ပွင့်လင်းတယ် စိက်ကူးယဉ်အိပ်မက်ကိုယ်စီနဲ့ပေါ့။
“ဂိုဒုန်မန်” (Hwarangကားထဲက ခွေးငှက် Park Soe Joon) ——– သူကတော့ တိုက်ကွမ်ဒိုကစားသမားလေး။
သူရဲ့ခြေကန်ချက်တွေနဲ့ ကျောင်းသားအားကစားပွဲတော်တွေမှာ ထူးချွန်ပြီး ကျောင်းသူတွေကြားထဲ ရေပန်းစားသူလေး။
သူ့ရဲ့စိတ်ကူးအိပ်မက်တွေကတော့ ထိုင်း Onebak မင်းသားလို အကောင်းဆုံးတိုက်ခိုက်ရေးအားကစားသမားဖြစ်ချင်သူလေး
“ချွဲအယ်ရာ”( အားလုံးရဲ့အချစ်တော် DOTS ထဲက မြောင်ဂျူး Kim Jin Won )——-စာမတော်ပေမယ့်လည်း တစ်နေ့ကျရင်တီဗွီမှာ အစီအစဉ်ကြေငြာသူတစ်ယောက်ဖြစ်ချင်သူ။
ပွင့်လင်းတယ် စိတ်ဆတ်တယ် အကြံအဖန်တွေလည်းလုပ်တတ်တယ်
“ဘက်ဆဲလ်ဟီး” (Touching Youဆိုတဲ့ကားထဲကမင်းသမီး Song Ha Yoon) …….. သူရဲ့စိတ်ကူးယဉ်
အိပ်မက်လေးကတော့ရှိးရှင်းတယ် အိမ်ထောင်ရှင်မကောင်းတစ်ယောက်သာဖြစ်ချင်သူလေး
“ဂျိုမန်” (Reply 1988 ထဲမှာ ပေါတောတော အကိုကြီးAhn Jae Hoon.) ……….သူကတော့ အစားအသောက်ကောင်းတွေကြိုက်တတ်သလို အရသာကိုလည်းခွဲခြားသိတယ်။
အစားအသောက်ကောင်း လေးတွေကို ဖန်တီးပေးချင်တဲ့သူ။
ဒီငယ်သူငယ်ချင်းလေးယောက် အခုလက်ရှိ ၂၀၁၇ မှာကော ဘ၀ကို ဘယ်လိုတွေများ ဖြတ်သန်းနေမလဲ။
လက်တွေ့ဘ၀ နဲ့ ငယ်ငယ်က စိတ်ကူးယဉ်အိပ်မက်တစ်ထပ်တည်းကျပါ့မလား
လူတိုင်းလူတိုင်း ငယ်ငယ်က ကိုယ်စီစိတ်ကူးအိပ်မက်တွေရှိကြပါတယ်။
တကယ်ဖြစ်လာတဲ့သူတွေရှိသလို စိတ်ကူးနဲ့တခြားစီ ဖြစ်နေတဲ့သူတွေလည်း အများကြီးပါ။
တစ်ချို့လည်း ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းတောင် မသိတဲ့သူတွေလည်း အများကြီးပါ။
ဒီကားလေးက သာမန်ရိုးကျ အချစ်သီးသန့်ကားလေးမဟုတ်သလို စိတ်ကူးယဉ် ဇာတ်လမ်းမျိုးလည်း မဟုတ်ပါဘူး။
တကယ့်လက်တွေ့မှာ သာမန်လူတန်းစားတွေ ကြုံတွေ့နေရတဲ့တကယ့် လက်တွေ့ဘ၀ကို မြင်တွေ့ခံစားနိုင်မယ့် ဇာတ်ကားမျိုး။
တကယ်ပဲ ခက်ခဲတဲ့ဘ၀ခရီးမှာ ဖြစ်နေတဲ့ဘ၀ နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကြားမှာ ကိုယ်ရဲ့ပန်းတိုင်ကို
အရောက်သွားဖို့ ရင်ဆိုင်ကျော်လွားရဖို့ ခွန်အားတွေပေးမယ့်ဇာတ်ကားမျိုး။
သူတို့ရဲ့ငယ်သူငယ်ချင်း သံယောဇဉ်လေးတွေ ကြည့်ပြီး ကိုယ်တွေရဲ့ငယ်သူငယ်ချင်းလေးသံယောဇဉ်လေး
အမှတ်တရလေးတွေ ပြန်အောက်မေ့မိမယ့်ဇာတ်လမ်းမျိုး။
သူငယ်ချင်းအချစ်ကို အကောင်းဆုံးပုံဖော်ပေးနိုင်မယ့် ဇာတ်လမ်းလေးပါပဲ။

Channel Myanmar

Price - 800Ks

Episodes - 1 to 16 (Complete)

File size - 5.66 GB

No comments:

Post a Comment