Friday, May 4, 2018
KS041 Mad Dog (2017)
ဒီတစ်ခါတင်ဆက်ပေးမယ့် Drama အသစ်လေးကတော့ MAD DOG လို့အမည်ရပါတယ်
အခုခေတ်ကြီးမှာ အာမခံလုပ်ငန်းတွေ က သိပ်ကိုအောင်မြင်လာတာ မငြင်းနိုင်ပါဘူး
ဘာမဆို အာမခံ လေးရှိမှ ဝယ်ချင် ငှါးချင် ရောင်းချင် ပတ်သက်ချင်ကြပါတယ်
ဒါပေမယ့် တစ်ဖက်က ပြန်လှည့်ကြည့်တော့ အာမခံလုပ်ငန်းကို ခုတုံးလုပ်ပြီး အမြတ်ထုတ်နေတဲ့ လူလိမ်အချို့လည်း ရှိနေပြန်ပါတယ်…
ဒီလူတွေကို နှိမ်နှင်းဖို့ Maddog ဖြစ်တည်လာပါတယ် (ဇာတ်လမ်းထဲမှာပေါ့နော် 😁 )
Maddog ရဲ့အကွက်ကျကျ လှုပ်ရှားမှုတွေဟာ တောင်ကိုရီးယား ဇာတ်လမ်းတို့ရဲ့ ထုံးစံအတိုင်း မပျင်းမရိစေရအောင် ဆွဲဆောင်သွားတာမို့ ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလေးပါ
ယခင်မှုခင်း စုံထောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ချွဲကန်ဝူက လက်ရှိအချိန်မှာတော့ အာမခံထောက်လှမ်းရေးအလုပ်ကို လုပ်ကိုင်နေပါတယ်
လိမ်လည်မှုတွေကြားထဲအပိုင်း ၁ မှာတော့ ပထမဆုံးအမှုအနေနဲ့ အဆောက်အအုံ ပြိုကျမှုအတွက်မြေရှင်နဲ့ အိမ်ငှါးကြား စုံစမ်းမှုပြုလုပ်ပေးရပါတယ်
ဒီအပိုင်းကတော့ သူရင်ဆိုင်ရမယ့်မြေရှင်က ဘယ်လိုလူလဲ
ဘယ်လိုအနှောင့်အယှက်တွေလာမလဲ ဆိုတာရဲ့ နိဒါန်းလေးပါ
ဘာသာရေးရဲအမှောင်ခြမ်းကို ပုံဖော်ပေးသွားတဲ့ Save Me ဆိုတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲရဲ့ မင်းသားလေး Woo Do Hwan နဲ့ T-ara ရဲ့ အဖွဲ့ဝင်ဟောင်း Hwa Young တို့နဲ့အတူ…
တောင်ကိုရီးယားရဲ့ အထင်ကရ မင်းသားကြီး Yoo Ji Tae,DOTS ထဲက မမေ့နိုင်စဖွယ် စိန်သူခိုး Jo Jae Yun တို့ကလည်း အားဖြည့်ပုံဖော်ထားပါတယ်
ဇာတ်ပို့တွေအနေနဲ့ ချစ်စရာ မင်းသားလေး Kim HyeSeong နဲ့ မင်းသမီး Hoong Soo Hyun တို့လည်းပါဝင်ပါတယ်
Channel Myanmar
Price - 800Ks
Episodes - 1 to 16 (Complete)
File size - 4.6 GB
Subscribe to:
Post Comments (Atom)

No comments:
Post a Comment